အစ္စရေးနဲ့ အီရန် အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ရပြီလို့ သမ္မတဒေါ်နယ်ထရမ့် ထုတ်ပြန်
- BVJ

- Jun 24
- 1 min read
BVJ/အေတီ _ ဇွန် ၂၄ ၊ ၂၀၂၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အစ္စရေးနှင့် အီရန်ကြား အလုံးစုံ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရသွားပြီဖြစ်ကြောင်း သူ့ရဲ့ ဆိုရှယ်မီဒီယာ Truthကနေ ပြီးခဲ့တဲ့နာရီပိုင်းက ထုတ်ပြန်ပါတယ်။
အပစ်အခတ်ရပ်စဲရေးဟာ အခုကစပြီး လာမယ့်၆နာရီအတွင်းမှာ စတင်မှာဖြစ်ကြောင်း၊ အစ္စရေးနဲ့ အီရန်စစ်ပွဲဟာ ၂၄နာရီအတွင်း တရားဝင်ပြီးဆုံးတော့မယ်လို့ သူ့ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
အစ္စရေးနှင့် အီရန်တို့ဘက်ကတော့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်နဲ့ ပတ်သက်ပြီး တရားဝင်ထုတ်ပြောတာမတွေ့ရသေးသလို ဒီကိစ္စမှာ အမေရိကန်က ဘယ်လိုပါဝင်ပတ်သက်ခဲ့လဲဆိုတာ သေသေချာချာမသိရသေးပါဘူး။
ဒီသဘောတူညီချက်ဟာ အီရန်ဘက်ကနေ ကာတာနိုင်ငံက အမေရိကန်လေတပ်အခြေစိုက်စခန်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး နာရီပိုင်းအကြာမှာ ဖြစ်လာသလို၊ အီရန်နိုင်ငံက နျူကလီးယားစီမံကိန်း၃နေရာကို အမေရိကန်က တိုက်ခိုက်ပြီး ၂ရက်အကြာမှာဖြစ်လာတာပါ။
ဇွန်လ၁၃ရက်နေ့ကစတင်ဖြစ်ပွားခဲ့တဲ့ အစ္စရေးနဲ့ အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး "The 12 Day War" ၁၂ရက် စစ်ပွဲလို့ သူခေါ်ချင်ကြောင်း၊ ဒီစစ်ပွဲက နှစ်ပေါင်းများစွာကြာသွားနိုင်ပြီး အရှေ့အလယ်ပိုင်းတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ စစ်ပွဲတစ်ခုဖြစ်လာနိုင်ကြောင်း၊ ဒါပေမယ့် ဒီစစ်ပွဲက တကယ်ဖြစ်မလာခဲ့ပါဘူး၊ ဘယ်တော့မှ လဲဖြစ်မလာပါဘူးလို့ ထရမ့်က သူ့ရဲ့ ဆိုရှယ်မီယာ ပို့စ်ထဲမှာ ထည့်ပြောထားပါတယ်။







Comments