top of page

အစ္စရေးကို ဘက်လိုက်တဲ့ ဘီဘီစီသတင်းဌာနရဲ့ မှုဝါဒအပေါ် ဝေဖန်ကန့်ကွက်မှုများရှိနေ

  • Writer: BVJ
    BVJ
  • Jul 5
  • 1 min read

ဘီဘီစီဝန်ထမ်း တစ်ရာကျော်က ညွှန်ကြားရေးမှူးချုပ်ထံ အိတ်ဖွင့်ပေးစာပေးပို့ထား


BVJ/အေတီ _ ဇူလိုင် ၅ ၊ ၂၀၂၅

ree

အစ္စရေးကို ဘက်လိုက်နေတဲ့ ဘီဘီစီသတင်းဌာနရဲ့ လုပ်ဆောင်မှုတွေအပေါ် မကျေနပ်တဲ့ ဘီဘီစီဝန်ထမ်း တစ်ရာကျော် စုပေါင်းလက်မှတ်‌ရေးထိုးထားပြီး ညွှန်ကြားရေးမှူးချုပ် Tim Davie တင်ဒေဗီထံ အိတ်ဖွင့် ပေးစာတစ်စောင်ပေးပို့ခဲ့ပါတယ်။


ဘီဘီစီညွှန်ကြားရေးမှုးချုပ် တင်ဒေဗီထံ လိပ်မူထားတဲ့ အထက်ပါအိတ်ဖွင့်ပေးစာထဲ လက်မှတ်ထိုးထားတဲ့ ဘီဘီစီဝန်ထမ်း စာနယ်ဇင်းသမား တစ်ရာကျော်ကတော့ သူတို့ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ထုတ်မပြောထားကြပါဘူး။ လက်မှတ်ထိုးထားတဲ့သူတွေထဲမှာ အခြား နာမည်ကြီး စာနယ်ဇင်းသမားတွေနဲ့ ရုပ်ရှင်သရုပ်ဆောင် ၃၀၀ကျော်လည်း ပါဝင်ပါတယ်။ အဲ့ဒီသူတွေထဲမှာ နာမည်ကျော်သရုပ်ဆောင် Miriam Margolyes၊Charles Danceနဲ့ ဒါရိုက်တာ Mike Leighတို့ ပါပါတယ်။


အစ္စရေးနဲ့ပါလက်စတိုင်း ကိစ္စမှာ ဘီဘီစီရဲ့ အယ်ဒီတာအာဘော် ဆုံးဖြတ်ချက်တွေက ပွင့်လင်းမြင်သာမှုမရှိသလို၊ ဆင်ဆာဖြတ်တောက်မှုတွေရှိနေတဲ့အတွက် စိုးရီမ်မိကြောင်း၊‘Gaza: Medics Under Fire’ ဗီဒီယိုမှတ်တမ်းရုပ်ရှင်ကို မထုတ်လွှင့်ပဲ ပိတ်ပင်ထားတာဟာ သိသာတဲ့ ရည်ရွယ်ချက်ရှိတဲ့ လုပ်ဆောင်မှုတစ်ခုဖြစ်ကြောင်း၊ အထက်ပါလုပ်ရပ်တွေကိုကြည့်လိုက်ရင် အစ္စရေးကိစ္စမှာ ဘီဘီစီဟာ ဘက်မလိုက်ရေးမှုကို သိသိသာသာချိုးဖောက်နေကြောင်း အထက်ပါအိတ်ဖွင့်ပေးစာထဲမှာ ထည့်သွင်းရေးသားထားပါတယ်။

Glastonbury ဂီတပွဲမှာတိုက်ရိုက်ထုတ်လွင့်နေတဲ့အချိန် ရက်ပ်အဆိုတော် Bob Vylanရဲ့ အစ္စရေးဆန့်ကျင်ရေး ကြွေးကြော်သံတိုင်တာကို ဘီဘီစီက ဖြုတ်ချပစ်ခဲ့ကိစ္စဖြစ်ပွားပြီးရက်ပိုင်းအတွင်းမှာ ဘီဘီစီညွှန်ကြား ရေးမှူးချုပ်ထံ အိတ်ဖွင့်ပေးစာပေးပို့တဲ့ ကိစ္စဖြစ်လာတာပါ။


အစ္စရေးကို ဘက်လိုက်တဲ့ ဘီဘီစီရဲ့ အယ်ဒီတာ့အာဘော်ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေသလို၊ လက်ရှိ အဲ့မှာအလုပ်လုပ်နေတဲ့သူတွေကော အရင်က အဲ့မှာအလုပ်ခဲ့တဲ့ စာနယ်ဇင်းသမားတွေကပါ ဘီဘီစီရဲ့ ဘက်မလိုက်ရေးမူဝါဒ မခိုင်မြဲတဲ့ အပေါ်ဝေဖန် ထောက်ပြနေကြပါတယ်။


ဘီဘီစီမှာ အလုပ်လုပ်ခဲ့တဲ့ စာနယ်ဇင်းသမား Karishma Patel ကလည်း “ဘီဘီစီရဲ့ ဘက်မလိုက်မှုဝါဒက သေဆုံးသွားပါပြီ။ ကျွန်မတို့ ရဲ့လူထုကြားကသတင်းဌာနကြီးဟာ ဘယ်သူ့လွှမ်းမိုးမှုမှလက်မခံဘဲ လုံးဝကြားနေတယ်ဆိုတဲ့ စိတ်ကူးယဉ်မှုကြီးကလဲ ပြိုလဲသွားပါပြီ” လို့ The Guardian သတင်းဌာနရဲ့ဆောင်းပါးထဲမှာ ထည့်ရေးထားပါတယ်။


ဂါဇာမှာ အန္တရာယ်တွေကြားအလုပ်လုပ်နေရတဲ့ ဆရာဝန်တွေအကြောင်းရိုက်ထားတဲ့ Gaza: Medics Under Fire ဗီဒီယိုမှတ်တမ်းကို ဘီဘီစီက မထုတ်လွှင့်တော့ဘူးလို့ ဆုံးဖြတ်ပြီးနောက် ချန်နယ်၄ကို ထုတ်လွှင့်ခွင့်ပေးလိုက်ပါတယ်။ ချန်နယ်၄က Gaza: Doctors Under Attack နာမည်နဲ့ ဇွန်လ၂ရက်နေ့မှာထုတ်လွှင့်ခဲ့ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page