သြစတြီးယားနိုင်ငံက အထက်တန်းကျောင်းတစ်ကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွား သေဆုံးသူ ၁၁ ဦးထိ ရှိသွားပြီ
- BVJ

- Jun 11
- 1 min read
BVJ/အေတီ _ ဇွန် ၁၁ ၊ ၂၀၂၅

အင်္ဂါနေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီဝန်းကျင်မှာ သြစတြီးယားနိုင်ငံရဲ့ ဒုတိယလူဦးရေအများဆုံးမြို့ Graz မြို့ရှိ အလယ်တန်းကျောင်းတကျောင်းမှာ သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၁၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကျောင်းဝင်းထဲ သေနတ်နဲ့ဝင်ပစ်တဲ့ သေနတ်သမားရဲ့အသက်က ၂၁ နှစ်သာရှိသေးပြီး အထက်ပါ ကျောင်းရဲ့ ကျောင်းသားဟောင်းတစ်ဦး ဖြစ်တယ်လို့သိရပါတယ်။
သေနတ်သမားဟာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကျောင်းသန့်စင်ခန်းထဲမှာ ကိုယ့်ကိုကိုယ် သေနတ်နဲ့ပစ်အဆုံးစီရင်သွားပါတယ်။ ပစ်ခတ်ရတဲ့အကြောင်းပြချက်ကို အခုအချိန်ထိ သေသေချာချာမသိရသေးပါဘူး။
Graz မြို့ ကျောင်းတိုက်ခိုက်ခံရမှုဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း သြစတြီးယားနိုင်ငံသမိုင်းမှာ အသေအပျောက်အများဆုံး တိုက်ခိုက်ခံရမှုတစ်ခုဖြစ်ပါတယ်။ ပစ်ခတ်ခံရမှုအတွင်း အသက်ပေးသွားခဲ့ရသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်း အမှတ်နေ့ကို သုံးရက်တာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် သြစတြီးယားတစ်နိုင်ငံလုံး တစ်မိနစ်ငြိမ်သက်ခြင်းကို ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ည ၁၀း၀၀ နာရီမှာ ပြုလုပ်ဖို့စီစဥ််ထားပါတယ်။







Comments