top of page

NUGအောက်က ကျောက်ဆည်ခရိုင်အမှတ်-၂ တပ်ရင်း နုတ်ထွက်

  • Writer: BVJ
    BVJ
  • Apr 24
  • 1 min read

BVJ/မိုနာ_ ဧပြီ ၂၂၊ ၂၀၂၅


ဓါတ်ပုံ-ကျောက်ဆည်ခရိုင် အမှတ်-၂တပ်ရင်း
ဓါတ်ပုံ-ကျောက်ဆည်ခရိုင် အမှတ်-၂တပ်ရင်း

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ကာကွယ်ရေးဝန်ကြီးဌာန-MOD လက်အောက်ကနေ နုတ်ထွက်ကြောင်း ထွက်စာတင်ထားတယ်လို့ ကျောက်ဆည်ခရိုင်အမှတ်-၂တပ်ရင်းက ထုတ်ပြန်ပါတယ်။


NUG MODအောက်မှာ တာဝန်ထမ်းဆောင်လိုခြင်းဆန္ဒမရှိတော့တာကြောင့် တရားဝင်နုတ်ထွက်ပြီး တော်လှန်ရေးကို ကျသင့်နေရာကနေ သင့်ရာအဖွဲ့အစည်းနဲ့ စစ်ကောင်စီပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့လည်း ပြည်သူလူထုကို အသိပေးထားပါတယ်။


နုတ်ထွက်စာကို NUG ကာကွယ်‌ရေးဝန်ကြီးဆီ အခုလ ၂၁ရက်စွဲနဲ့တင်ပြထားတယ်လို့လည်း သိရပါတယ်။


ကျောက်ဆည်ခရိုင်အမှတ်-၂တပ်ရင်းအနေနဲ့ NUGအောက်ကနုတ်ထွက်ရတာနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေနဲ့ ကျောက်ဆည်ခရိုင်အမှတ်-၂တပ်ရင်းကို Burma VJက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။


၂၀၂၃ခုနှစ် ဖေ‌ဖော်ဝါရီ ၂၈ရက်မှာ NUG MODက ကျောက်ဆည်ခရိုင်အမှတ်-၂တပ်ရင်းကို အတည်ပြုဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၁၀၂၇ဒုတိယလှိုင်းဖြစ်တဲ့ ရှမ်း-မန်းစစ်ဆင်ရေးမှာ မန္တလေးပြည်သူ့ကာကွယ်‌ရေးတပ်မတော်၊ TNLAတို့နဲ့အတူ တစ်နှစ်နီးပါးတိုက်ပွဲတွေ ဖော်ဆောင်ခဲ့ပါတယ်။


ကျောက်ဆည်ခရိုင်အမှတ်-၂တပ်ရင်းဟာ ရှမ်း-မန်းစစ်ဆင်ရေးအပြီးမှာလည်း ရှမ်းတောင်စစ်ဆင်ရေးအဖြစ် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်DPLF/DPLAနဲ့အတူ တိုက်ပွဲဝင်နေတယ်လို့လည်း သိရပါတယ်။


NUG MODအောက်ကနေ လက်ရှိမှာ ရှမ်း၊ ကရင်နီနယ်စပ်က ရှမ်းတောင်တပ်ရင်းနှစ်ခုဖြစ်တဲ့ အမှတ် (၁၀၀၅) တပ်ရင်း (SSPDF)နဲ့ အမှတ် (၁၀၀၈) တပ်ရင်း (SSRY)၊ ဂဠုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ ဂန့်ဂေါ PDF(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဂန့်ဂေါတပ်ရင်း(ယောဒေသ)က) တို့လည်း နုတ်ထွက်ထားပြီး နုတ်ထွက်ခဲ့တဲ့တပ်ရင်းတွေဟာ MODမှာ (၂)နှစ်ကျော် သုံးနှစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ရင်းတွေဖြစ်ကြပါတယ်။


MODဝန်ကြီး ဦးရည်မွန်ကတော့ လက်နက် လုံလောက်အောင်တပ်ဆင်မပေးနိုင်တာရယ်၊ တပ်နေရာရွှေ့ပြောင်းရတာတွေမှာ မလိုက်ပါ(မပြောင်းရွှေ့)ချင်ကြတာကြောင့် MODကနေ နုတ်ထွက်တဲ့တပ်ရင်းတပ်ဖွဲ့တွေရှိနေတယ်လို့ အခုနှစ် ဖေဖော်ဝါရီ ၂ရက်နေ့မှာ ထုတ်ပြောထားပါတယ်။


ဒါ့အပြင် MODအောက်ကနုတ်ထွက်တဲ့ တပ်ရင်း၊တပ်ဖွဲ့တွေအနေနဲ့ လက်နက်တွေပြန်အပ်ရမယ်လို့လည်း ဝန်ကြီးဦးရည်မွန်က ပြောထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page