မဟာမိတ်တွေနဲ့အတူစစ်ရေးအရှိန်မြှင့်ဖို့ အထူးတိုင်းစစ်ဌာနကို NUGဖွဲ့စည်း
- BVJ

- Aug 28
- 1 min read
ယူဂရင်း/BVJ_ သြဂုတ် ၂၈၊ ၂၀၂၅

ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေရှိ တပ်ရင်းတွေက ဗျူဟာတွေကို စနစ်တကျစုဖွဲ့ပြီး အထူးတိုင်းစစ်ဌာနကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းတာဝန်ပေးလိုက်ပါတယ်။
အခုဖွဲ့စည်းလိုက်တဲ့ အထူးတိုင်းစစ်ဌာနဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်ရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာရှိပြီး အမှတ် (၁) စစ်ဆင်ရေးနယ်မြေရဲ့ စစ်ဆင်ရေးကွပ်ကဲမှုအောက်မှာရှိတဲ့ တိုင်းစစ်ဌာနဖြစ်သလို တိုင်းစစ်ဌာနကွပ်ကဲမှုအောက်မှာရှိတဲ့ နည်းဗျူဟာတွေ၊တပ်ရင်းတွေ၊ ပကဖတွေနဲ့ ဒရုန်းလက်ရုံးတပ်ဖွဲ့တွေကို ဦးစီးကွပ်ကဲမှာဖြစ်တယ်လို့ မနေ့က သြဂုတ် ၂၈ရက်မှာ ထုတ်ပြန်ပါတယ်။
ပြီးတော့ အထူးတိုင်းစစ်ဌာနဟာ မဟာမိတ် EROs(တိုင်းရင်းသားလက်နက်ကိုင်)တပ်ဖွဲ့တွေ၊ LPDF(ဒေသကာကွယ်ရေးတပ်ဖွဲ့)နဲ့အတူ စစ်ဆင်ရေးတွေကိုအရှိန်အဟုန်မြှင့်ဖော်ဆောင်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။
စစ်ရေးအရှိန်မြှင့်မယ့်အခြေအနေတွေနဲ့ပတ်သက်ပြီး သိရှိနိုင်ဖို့အတွက် အထူးတိုင်းစစ်ဌာနကို Burma VJက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးဆောင်ရွက်ချက်တွေနဲ့ တပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေကိုလည်း ပြည်သူလူထုကို အချိန်နဲ့တပြေးညီတရားဝင်ထုတ်ပြန်ပေးသွားမယ်လို့လည်း အသိပေးကြေညာထားပါသေးတယ်။
ပုံစာ- NUG PDF လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့်အခမ်းအနားကို ၂၀၂၅၊ ဇူလိုင် ၂၁ရက်တွင် ကျင်းပနေပုံ။ (ဓါတ်ပုံ-SOF)







Comments