top of page

စစ်တပ်ကိုအပြီးသတ်အနိုင်ယူနိုင်ရေး တိုင်းစစ်ဌာနဆယ်ခုက PDFတပ်မှူးကြီးများ စည်းဝေး

  • Writer: BVJ
    BVJ
  • Aug 29
  • 1 min read

ယူဂရင်း/BVJ_ ဩဂုတ် ၂၉၊ ၂၀၂၅

ဓါတ်ပုံ-NUGယာယီသမ္မတဦးဆောင်တဲ့အဖွဲ့ မြေပြင်ခရီးစဥ်တွင် PDFများကြိုဆိုနေပုံကို ဇူလိုင် ၃၀ရက်တွင် MODကထုတ်ပြန်ထားပုံ။
ဓါတ်ပုံ-NUGယာယီသမ္မတဦးဆောင်တဲ့အဖွဲ့ မြေပြင်ခရီးစဥ်တွင် PDFများကြိုဆိုနေပုံကို ဇူလိုင် ၃၀ရက်တွင် MODကထုတ်ပြန်ထားပုံ။

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာန-MOD၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တိုင်းစစ်ဌာန (၁၀)ခုက တပ်မှူးကြီးများအစည်းအဝေးကို အခု သြဂုတ်လ ၂၃၊ ၂၄နဲ့ ၂၅ရက်တို့မှာ ကျင်းပခဲ့တယ်လို့ MODက အသိပေးထုတ်ပြန်ပါတယ်။

 

အဲ့ဒီအစည်းအဝေးဟာ ပြည်သူ့ခုခံတော်လှန်စစ်စစ်ရေးအောင်ပွဲတွေ ဆက်လက်ရရှိနေစေရေး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေကို အမိန့်ပေးကွပ်ကဲမှုကောင်းမွန်ပြီး ကျင့်ဝတ်လိုက်နာတဲ့တပ်မတော်တရပ်အဖြစ် စနစ်တကျဆက်လက်တည်ဆောက်ရေး၊ အကြမ်းဖက်စစ်တပ်ကို အပြီးသတ်အနိုင်ယူနိုင်ရေးတို့အတွက် ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

အစည်း‌အဝေးကို ဒုစစ်ဦးစီးချုပ်နဲ့ စစ်ရုံးချုပ်တာဝန်ရှိသူတွေ၊ အမှတ်(၁)စစ်ဒေသ စစ်ဒေသမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်မှူးကြီးတွေဖြစ်ကြတဲ့ တိုင်းစစ်ဌာန (၁၀) ခုက တိုင်းကွပ်ကဲရေးမှူးနဲ့ ဒုတိယတိုင်းကွပ်ကဲရေးမှူးတွေ၊ ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတွေ တက်ရောက်ခဲ့ကြောင်းနဲ့ အစည်းအဝေးမှာ တိုင်းစစ်ဌာနအလိုက် စစ်ရေးသုံးသပ်ချက် စာတမ်းတွေတင်သွင်းခဲ့ကြသလို လက်ရှိ တော်လှန်ရေးအခြေအနေအပေါ် သုံးသပ်‌ဆွေးနွေးခဲ့ကြပြီး PDFရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ဖော်ထုတ်ချမှတ်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

 

PDF စစ်ရုံးချုပ်ရဲ့ကွပ်ကဲမှု‌အောက်မှာ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်းတောင်-ကယား(ကရင်နီ)၊ နေပြည်တော်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ အထူးတိုင်းစစ်ဌာနစတဲ့ တိုင်းစစ်ဌာန (၁၀) ခုကို ဖွဲ့စည်းပြီး တပ်ရင်း၊ တပ်ဖွဲ့တွေကို ကွပ်ကဲတိုက်ပွဲဝင်နေတာဖြစ်ပါတယ်။

 

အထူးတိုင်းစစ်ဌာနဟာ မဟာမိတ် EROs(တိုင်းရင်းသားလက်နက်ကိုင်)တပ်ဖွဲ့တွေ၊ LPDF(ဒေသကာကွယ်ရေးတပ်ဖွဲ့)နဲ့အတူ စစ်ဆင်ရေးတွေကိုအရှိန်အဟုန်မြှင့်ဖော်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း သြဂုတ် ၂၇ရက်မှာကြေညာထားပါသေးတယ်။

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page