top of page

မြေရှိရင် ငွေရှိရမယ်လို့ NUGဝန်ကြီးပြော

  • Writer: BVJ
    BVJ
  • Oct 3
  • 1 min read

Updated: Oct 5

မိုနာ/BVJ_ အောက်တိုဘာ ၃၊ ၂၀၂၅


<script async src="https://pagead2.googlesyndication.com/pagead/js/adsbygoogle.js?client=ca-pub-9796128014248343"

crossorigin="anonymous"></script>

ree

တော်လှန်ရေးတပ်ဖွဲ့စိုးမိုးဒေသတွေကနေ အခွန်တွေကောက်ခံနေမှုကနေ ဝင်‌ငွေရရှိမှုဟာ အခုနှစ်အတွင်းပိုများလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

 

“ယခင်ကထက်စာရင် ၂၀၂၄နဲ့ ၂၀၂၅မတူတော့ဘဲ ၂၀၂၅မှာ ပိုမိုပြီးတော့ ကောင်းကောင်းနဲ့ အခွန်အတုတ်ကောက်ယူမှုနဲ့ဝင်ငွေရရှိလာတယ်လို့ ကျနော်ဖြေချင်ပါတယ်။ ဒီအချိန်မှာ ဘယ်လောက်ရတယ် ဘယ်လိုဆိုတာကိုတော့ကျနော့်အနေနဲ့မဖြေနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒါကလျို့ဝှက်ထားရမှာဖြစ်ပါတယ်။ ပြည်သူမှပြည်သူသို့ ပါဝင်မှုတွေနဲ့ ယခုလိုမြေပြင်မှာရှိတဲ့ မြေရှိရင်ငွေရှိနိုင်အောင် ကျနော်တို့စီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါကိုပေါင်းပြီးတော့ တော်လှန်ရေးအတွက် လိုအပ်တဲ့ဘဏ္ဍာငွေအင်အားတောင့်တင်းရေး စီစဉ်ဆောင်ရွက်နေပါတယ်လို့” ဒေါက်တာဇော်ဝေစိုးက NUGပြန်ကြားရေးသတင်းဌာနဖြစ်တဲ့ PVTVနဲ့သီးသန့်အင်တာဗျူးမှာ ပြောတာပါ။

 

စိုးမိုးဒေသဟာ မလေးရှားနိုင်ငံလောက်ကျယ်နေပြီဖြစ်တာကြောင့် အဲ့ဒီနေရာဒေသတွေကနေ သယံဇာတတွေ၊ စိုက်ပျိုးမွေးမြူရေးတွေ၊ အသက်မွေးဝမ်းကြောင်းတွေ၊ကုန်သွယ်စီးပွားရေးတွေ ပြုလုပ်နေကြပြီဖြစ်ကြောင်းနဲ့ အိန္ဒိယ ၊တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း ဒီ border tradeတွေကနေ မှန်ကန်တဲ့ဝင်ငွေရရှိစေရေးအတွက်လည်း အခုမြေပြင်မှာ စီစဉ်ကြပ်မတ်နေတယ်လို့လည်း ပြောပါတယ်။

 

ဒါ့အပြင် မြေပြင်မှာဖြစ်ပျက်နေတဲ့ အဂတိလိုက်စားမှုတွေ၊ အကျင့်ပျက်ချစားမှုတွေအပေါ်မှာလည်း  ကိုင်တွယ်ဆောင်ရွက်မှုတွေလုပ်နေတယ်လို့ ဝန်ကြီးကပြောပါတယ်။

 

“တော်လှန်ရေးပေါ်မှာအမြတ်ထုတ်တာကို လုံးဝခွင့်မလွှတ်ဘူး။ ကျ‌နော်တို့ ရဲဘော်တွေ တယောက်ချင်းစီရဲ့ အသက်တွေ၊ ဘဝတွေ၊ ကိုယ်လက်အင်္ဂါတွေ ပေးဆပ်ထားရတာကြောင့် တကျပ်တပြားမှ တော်လှန်ရေးပေါ်ကနေအမြတ်မထုတ်သင့်ပါဘူး။ အမြတ်ထုတ်တဲ့သူကိုကျနော်တို့ အရေးယူရမှာပဲဖြစ်ပါတယ်။ ကျနော်အမြတ်ထုတ်ရင် ကျ‌နော့်ကိုအရေးယူရမှာဖြစ်ပါတယ်”လို့ ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။

 

အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး မြေပြင်မှာအရေးယူစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဇူလိုင် ၁၇ရက်မှာ NUGလက်အောက်ခံ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တရားသူကြီးအဖွဲ့က ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်လေးဦးကို NUG ယာယီသမ္မတက တာဝန်မှရပ်စဲလိုက်ကြေညာခဲ့ပါတယ်။

ဘာကြောင့်ရပ်စဲလိုက်သလဲဆိုတာကို တိတိကျကျမပြောထားပေမယ့် အဖွဲ့ဝင်အချင်းချင်းကြားတွင် ဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ ဆက်လက်တာဝန်ပေးအပ်ဖို့မသင့်တာကြောင့်လို့ ဖော်ပြထားပါတယ်။

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page