top of page

NUGအထူးတိုင်းစစ်ဌာနချုပ် ဗုံးကြဲတိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးမှုများရှိနေ

Writer: BVJ
BVJ
25 minutes ago
1 min read

သူရ/BVJ_စက်တင်ဘာ ၂၄ ၊၂၀၂၆

NUG အထူးတိုင်းစစ်ဌာနချုပ်ရဲ့တပ်တွင်းအစည်းအဝေးတစ်ခုမှာ ရဲဘော်အောင်စံရှားကိုတွေ့ရစဥ်
NUG အထူးတိုင်းစစ်ဌာနချုပ်ရဲ့တပ်တွင်းအစည်းအဝေးတစ်ခုမှာ ရဲဘော်အောင်စံရှားကိုတွေ့ရစဥ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့အထူးတိုင်းစစ်ဌာနချုပ် ဗုံးကြဲ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိကြောင်းသတင်းရရှိပါတယ်။ လက်ရှိအချိန်အထိစုံစမ်းသိရှိရသလောက် သေဆုံးသူ ၆ ဦးခန့်ရှိတယ်လို့သိရပြီး ဒဏ်ရာရရှိသူတွေလည်း ရှိနေပါတယ်။


အဲဒီတိုက်ခိုက်မှုကြောင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (Special Operation Force - S.O.F) တပ်ဖွဲ့တာဝန်ခံ ရဲဘော်အောင်စံရှားနဲ့ CDMဗိုလ်မှူး တင်လင်းအောင်၊ တပ်ကြပ်ကြီး နေဝင်းအောင်တို့ဒဏ်ရာရရှိသွားပြီး ရန်ကုန်တိုင်းတပ်ဖွဲ့က ရဲဘော်နှစ်ဦးအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးတယ်လို့ မြေပြင်စစ်ရေးအရင်းအမြစ်နဲ့ နီးစပ်သူတစ်ဦးက BVJကိုအတည်ပြုပြောပါတယ်။


"စုစုပေါင်းခြောက်ယောက်ကျသွားတယ်လို့ ကြားတယ်။ ဗိုလ်မှူးတင်လင်းအောင်နဲ့ကိုအောင်စံရှားကတော့ ဒဏ်ရာရသွားတယ်တဲ့။ ကျသွားတဲ့အထဲမှာ ဗိုလ်မှူးတင်လင်းအောင်နဲ့လက်တွဲလုပ်နေတဲ့ CDMစစ်သားဟောင်းတစ်ဦးနဲ့ ရန်ကုန်တိုင်းကရဲဘော်နှစ်ဦးလည်းပါတယ်လို့ ကြားတယ်"လို့ စစ်ရေးနဲ့နီးစပ်သူသတင်းအရင်းအမြစ်ကဆိုပါတယ်။

ကျဆုံးသွားတဲ့သူတွေထဲမှာ CDMတပ်ကြပ်ကြီးနေဝင်းအောင် ပါဝင်သွားတယ်လို့သတင်းတွေထွက်နေပေမယ့် BVJအနေနဲ့သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။


စစ်အုပ်စုတပ်က ဒီနေ့ စက်တင်ဘာလ ၂၄ရက်၊မနက် ၁၁ နာရီခန့်မှာ NUG အထူးတိုင်းစစ်ဌာနချုပ်တည်ရှိရာနေရာကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုညနေပိုင်းအချိန်ထိ ဆက်လက်ဗုံးကြဲနေဆဲဖြစ်တာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အခက်အခဲတွေနဲ့ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ဒီဗုံးကြဲတိုက်ခိုက်ခံရမှုနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲသတင်းတွေကို BVJက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page