top of page

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ပတ်သက်ပြီး အာဏာသိမ်းသမ္မတထုတ်ပြောလာ

Writer: BVJ
BVJ
1 day ago
1 min read

မိုနာ/BVJ_စက်တင်ဘာ ၂၃၊ ၂၀၂၆

၂၀၂၆၊ဩဂုတ်လ ၂၈ ရက် နေပြည်တော်ရှိသမ္မတရုံးအတွင်းမှာ မင်းအောင်လှိုင်ကိုတွေ့ရစဉ်။(ဓာတ်ပုံ — TIME မဂ္ဂဇင်း/ Jes Aznar)
၂၀၂၆၊ဩဂုတ်လ ၂၈ ရက် နေပြည်တော်ရှိသမ္မတရုံးအတွင်းမှာ မင်းအောင်လှိုင်ကိုတွေ့ရစဉ်။(ဓာတ်ပုံ — TIME မဂ္ဂဇင်း/ Jes Aznar)

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေးနဲ့ပတ်သက်ပြီး "သူမအပေါ်ပဲ မူတည်တယ်"လို့ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ကပြောပါတယ်။


အမေရိကန်သတင်းမဂ္ဂဇင်း TIMEမဂ္ဂဇင်းနဲ့ အာဏာသိမ်းသမ္မတ စစ်ခေါင်းဆောင်တို့ နေပြည်တော်မှာသီးသန့်အင်တာဗျူးပြုလုပ်ချိန်မှာ စစ်ခေါင်းဆောင်ကအခုလိုထည့်သွင်းပြောလာတာပါ။


ဒေါ်အောင်ဆန်းစုကြည်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပတ်သက်ပြီး Timeမဂ္ဂဇင်းကမေးမြန်းရာမှာ “ဒါက သူမအပေါ် မူတည်ပါတယ်။ ပြန်လည်စဉ်းစားသုံးသပ်ဖို့ အကြောင်းပြချက်တွေ ပေါ်လာရင်တော့ အခြေအနေ ပြောင်းလဲနိုင်ပါတယ်”လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟောင်း မင်းအောင်လှိုင်ကပြောခဲ့တာပါ။

ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းထားတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်က "သူမအပေါ် ကျွန်တော် အလွန်အမင်းလျှော့ပေါ့ပေးခဲ့ပါတယ်။ အခြေအနေက ဒီအဆင့်အထိ မရောက်လာအောင် ဖြစ်နိုင်သမျှနည်းလမ်းအားလုံးနဲ့ ကျွန်တော်တို့ကြိုးပမ်းခဲ့ပါတယ်”လို့လည်း ပြောထားပါသေးတယ်။


စစ်တပ်ဟာ ၂၀၂၁၊ဖေဖော်ဝါရီလထဲကဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးကာ အကျင့်ပျက်ခြစားမှု၊ဆက်သွယ်ရေးစက်တွေ တရားမဝင်ကိုင်ဆောင်မှု စတဲ့စွဲချက်တွေနဲ့တရားစွဲဆိုပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပြီးနောက် လက်ရှိမှာတော့ ထောင်ဒဏ် ၁၈ နှစ်အထိလျှော့ချပေးထားတယ်လို့ Timeမဂ္ဂဇင်းကဖော်ပြပါတယ်။


Timeမဂ္ဂဇင်းကစစ်ခေါင်းဆောင်ကိုမေးမြန်းပြီးရေးသားထားတဲ့ သတင်းဆောင်းပါးကို ဒီနေ့စက်တင်ဘာ ၂၃ရက်မှာဖော်ပြလာတာဖြစ်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ဘယ်ရက်ကအင်တာဗျူးခဲ့လဲဆိုတာကိုတော့ဖော်ပြထားတာမရှိပါဘူး။ ဒါပေမယ့် သူတို့ရိုက်ထားတဲ့စစ်ခေါင်းဆောင်ရဲ့ ဓါတ်ပုံမှာပါရှိတဲ့ရက်စွဲအရတော့ ပြီးခဲ့တဲ့လ သြဂုတ် ၂၈ရက်ကပြုလုပ်ခဲ့တယ်လို့ခန့်မှန်းရပါတယ်။


အခုဆောင်းပါးထဲမှာရေးသားချက်အရ စစ်ခေါင်းဆောင်ဟာ လူ့အခွင့်အရေး၊မူးယစ်ဆေးဝါးနဲ့အရေးယူပိတ်ဆို့ခံရတဲ့ ဆွေမျိုးတွေအကြောင်းမေးမြန်းတာကိုမဖြေခဲ့သလို သူ့ရဲ့မွေးရပ်ဇာတိမြေကိုတောင်လျို့ဝှက်အဖြစ်သတ်မှတ်ထားတယ်လို့ သိရပါတယ်။


ပြီးတော့ ဂေါက်ကစားရတာအရမ်းကြိုက်တဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်းမင်းအောင်လှိုင်ဟာ ခါးနာ၊ကျောနာနေလို့ ဂေါက်ကွင်းတောင်မသွားနိုင်ဘူးလို့ ဆောင်းပါးထဲမှာဖော်ပြပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page