top of page

နျူလက်နက်တွေစွန့်ဖို့မပြောဘူးဆိုရင် ထရမ့်နဲ့ထပ်တွေ့မယ်လို့ ကင်ဂျုံအွန်ပြော

  • Writer: BVJ
    BVJ
  • Sep 23
  • 1 min read

အေတီ

ree

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျူံအွန်တို့ မြောက်ကိုရီးယားက နျူကလီယားလက်နက်တွေအပြီးတိုင်ဖယ်ရှားပစ်ဖို့ ဆွေးနွေးမယ့်အစား ထုတ်လုပ်မှုတွေရပ်တန့်ပစ်ဖို့ဆွေးနွေးမယ်ဆိုရင် သဘောတူထောက်ခံသွားမယ်လို့ တောင်ကိုရီးယားသမ္မတကပြောပါတယ်။


ဒီသဘောတူညီချက်ဟာ နျူကလီးယားလက်နက် တစ်နှစ်ကို ၁၅ခုကနေ ၂၀အထိတိုးထုတ်ဖို့ကြိုးစားနေတဲ့ မြောက်ကိုရီးယားရဲ့အစီအစဥ်ကို ရပ်တန့်သွားစေနိုင်မှာဖြစ်ပြီး အဲ့ဒီကနေ နျူကလီးယားလက်နက်လုံးဝကင်းစင်သွားရေးအတွက် လက်တွေ့ကျတဲ့ လမ်းကြောင်းတစ်ခုပေါ်လာမယ်လို့ယုံကြည်ကြောင်း တောင်ကိုရီးယားသမ္မတ လီဂျေမြွန်းက ဘီဘီစီကို ပြောပါတယ်။


နျူကလီးယားလက်နက်ပိုင်ဆိုင်နေပြီလို့ မြောက်ကိုရီးယားက ၂၀၂၂ခုနှစ်မှာထုတ်ပြန်ခဲ့ပြီး နျူကလီးယားလက်နက်ပိုင်ဆိုင်မှုကိုလည်း ဘယ်တော့မှစွန့်လွှတ်မှာမဟုတ်ဘူးလို့ ကြေညာထားပါတယ်။


“ကျွန်တော်တို့က နျူကလီးယားလုံးဝကင်းစင်ရေး ရေရှည်ရည်မှန်းချက်ထားမယ်။တဖက်မှာလဲ မြောက်ကိုရီးယားက နျူကလီးယားလက်နက်ထုတ်လုပ်မှုကို ရပ်တန့်လိုက်မယ်ဆိုရင် ရေရှည်မှာအကျိုးကျေးဇူးတွေရှိလာမယ်လို့ယုံကြည်ပါတယ်" လို့ လီဂျေမြွန်းကပြောပါတယ်။

ree

ဇွန်လကစပြီး တောင်ကိုရီးယားသမ္မတရာထူးရယူခဲ့တဲ့ လီဂျေမြွန်းဟာ မြောက်ကိုရီးယားနဲ့ငြိမ်းချမ်းတဲ့ဆက်ဆံရေးကိုထူထောင်လိုပြီး တင်းမာမှုတွေလျှော့ချလိုကြောင်း သူ့သဘောထားကိုထုတ်ပြောထားပါတယ်။သူဟာ စစ်အုပ်ချုပ်ရေးထုတ်ပြန်မှုကြောင့် ရာထူးကပြုတ်ကျပြီးစွပ်စွဲအရေးယူခံထားရတဲ့ သမ္မတ Yoon Suk Yeolနေရာမှာ တာဝန်ယူခဲ့ရတဲ့သူဖြစ်ပါတယ်။


မြောက်ကိုရီးယားက နျူကလီးယားစက်ရုံတွေအားလုံးဖျက်သိမ်းပစ်ဖို့ အမေရိကန်ရဲ့တောင်းဆိုချက်ကြောင့် ၂၀၁၉ခုနှစ်ကပျက်သွားခဲ့တဲ့ ဒေါ်နယ်ထရမ့်နဲ့ကင်ဂျုံအွန်ကြားက နျူကလီးယားဆွေးနွေးပွဲတွေ ပြန်လည်စတင်စေလိုတဲ့ဆန္ဒရှိကြောင်း တောင်ကိုရီးယားသမ္မတကပြောပါတယ်။


တနင်္ဂနွေနေ့က ပါလီမန်မှာပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျူံအွန်က သူ့အနေနဲ့ ဒေါ်နယ်ထရမ့်နဲ့စေ့စပ်ညှိနှိုင်းဆွေးနွေးဖို့ ဆန္ဒရှိပေမယ့် အမေရိကန်ဘက်က နျူကလီးယားလက်နက်တွေအားလုံးဖျက်သိမ်းပေးဖို့ တောင်းဆိုမယ်ဆိုရင်ဆွေးနွေးမှာမဟုတ်ဘူးလို့ ထုတ်ပြောထားပါတယ်။


ထရမ့်နဲ့ကင်တို့နှစ်ယောက်ကြားမှာ အပြန်အလှန်ယုံကြည်မှုအတိုင်းအတာတစ်ခုအထိ ရှိနေပုံပေါ်တာကြောင့် ဆွေးနွေးပွဲဖြစ်လာမယ်လို့ထင်တဲ့အကြောင်း၊အဲ့ဒီဆွေးနွေးပွဲက‌နေ တောင်ကိုရီးယားနိုင်ငံနဲ့ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို အထောက်အကူဖြစ်စေနိုင်မယ်လို့သူယုံကြည်တဲ့အကြောင်း တောင်ကိုရီးယားသားသမ္မတက ဘီဘီစီကိုပြောပါတယ်။


  • မြောက်ကိရီးယားမှာ နျူကလီးယားလက်နက် ဘယ်လောက်ရှိလဲ

မြောက်ကိုရီးယားက သူတို့အစိုးရပိုင်မီဒီယာကနေ နျူကလီးယားထိပ်ဖူးအမျိူးအစား အမျိုးမျိုးကို မကြာခဏထုတ်ပြလေ့ရှိပေမယ့် သူတို့ပိုင်ဆိုင်ထားတဲ့ နျူကလီးယားလက်နက်အရေအတွက် အတိအကျကိုတော့ထုတ်ပြောထားတာမရှိပါဘူး။ဒါ့ကြောင့် မြောက်ကိုရီးယား နျူလက်နက်ပိုင်ဆိုင်မှု အရေအတွက်နဲ့ပတ်သက်ပြီး လေ့လာသုံးသပ်သူတွေနဲ့ နိုင်ငံခြားထောက်လှမ်းရေးအေဂျင်စီတွေရဲ့ အကြမ်းဖျင့်ခန့်မှန်းချက်ကိုပဲ ရည်ညွှန်းပြောဆိုနေကြရပါတယ်။


ဇူလိုင်လမှာထုတ်ပြန်ခဲ့တဲ့ အမေရိကန်သိပ္ပံပညာရှင်များအဖွဲ့ချုပ်ရဲ့အစီရင်ခံစာအရ မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားထိပ်ဖူး ၉၀အထိထုတ်လုပ်နိုင်ဖို့ အဆင်သင့်ဖြစ်နေပီဆိုပေမယ့် လက်တွေ့မှာတော့ နျူထိပ်ဖူး ၅၀နီးပါးပဲရှိမယ်လို့ခန့်မှန်းထားကြပါတယ်။


မြောက်ကိုရီးယားနိုင်ငံမှာ ယူရေနီယံနဲ့ပလူတိုနီယမ် ဒုံးကျည်ထိပ်ဖူး ၈၀ကနေ ၉၀အထိရှိမယ်လို့ခန့်မှန်းရပြီး ၂၀၃၀မှာ ၁၆၆ခုအထိတိုးလာနိုင်တယ်လို့ တောင်ကိုရီးယားကာကွယ်ရေးဆိုင်ရာ ကိုရီးယားအင်စတီကျု့က နျူအင်ဂျင်နီယာပညာရှင်လီဆန်ကြူက ပြောထားပါတယ်။

ree
  • နျူကလီးယားလက်နက်တွေ ဘယ်လိုရခဲ့တာလဲ

မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဥ်ကို အထောက်အကူဖြစ်စေတဲ့ စက်ရုံတွေ၊ယူရေနီယံအကြမ်းတွေထွက်တဲ့ သတ္တုတွင်းတွေ၊ယူရေနီယံနဲ့ ပလူတိုနီယမ်ကနေ ဗုံးလောင်စာအဖြစ်ပြောင်းလဲနိုင်တဲ့ နျူကလီးယားဓာတ်ပေါင်းဖိုတွေ၊သန့်စင်ရေးစက်ရုံတွေအပါအဝင်၊လက်နက်ထုတ်လုပ်တဲ့ စက်ရုံတွေလည်းရှိပါတယ်။


ဒါပေမယ့် မြောက်ကိုရီးယားတွေအပြောအရ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ရည်ရွယ်ချက်နဲ့ တည်ဆောက်ထားတယ်ဆိုတဲ့ ၁၉၅၀ခုနှစ်နှောင်းပိုင်း ဆိုဗီယက်အကူအညီနဲ့တည်ဆောက်ခဲ့တဲ့ Yongbyon ယန်ဗြင်နျူကလီးယားသိပ္ပံသုတေသနစင်တာမှာ နျူကလီးယားဓာတ်ပေါင်းဖို အနည်းဆုံးသုံးလုံးရှိပြီး၊ အဲ့ဒီ ယန်ဗြင်နျူကလီးယားသိပ္ပံသုတေသနစင်တာက နျူကလီးယားလက်နက်ထုတ်လုပ်နိုင်ဖို့ အဓိကအခန်းကဏ္ဍကပါဝင်ပါတယ်။


ယန်ဗြင်နျူကလီးယားသိပ္ပံသုတေသနစင်တာဟာ မြောက်ကိုရီးယားနိုင်ံမြို့တော် ပြုံယမ်းမြို့မြောက်ဘက် မိုင်၆၀အကွာအနိမ့်ပိုင်းတောင်ကုန်းတွေကြားမှာတည်ရှိပြီး အဲ့ဒီမှာနျူကလီးယားဓာတ်ပေါင်းဖိုတွေ၊လောင်စာပြုပြင်သန့်စင်တဲ့စက်ရုံတွေနဲ့ ယူရေနီယံသန့်စင်တဲ့ စက်ရုံတွေတည်ရှိပါတယ်။


ဝါရှင်တန်အခြေစိုက် Nuclear Threat Initiative (NTI) အဖွဲ့ရဲ့အဆိုအရ အဲ့ဒီစင်တာမှာလောင်စာထုတ်လုပ်တဲ့စက်ရုံ၊ အသုံးပြုပြီးသားနျူကလီးယားလောင်စာချောင်းတွေကနေ လက်နက်အဆင့်ပြောင်းလဲထုတ်လုပ်နိုင်တဲ့ ပလူတိုနီယမ်ပြန်ထုတ်လုပ်တဲ့စက်ရုံရှိတယ်လို့ သိရပါတယ်။

ree

အမေရိကန်က နျူလက်နက်မစွန့်လွှတ်ခိုင်းရင် ထရမ့်နဲ့တွေ့ဖို့အဆင်သင့်ပဲလို့ပြောပြီးနာရီပိုင်းအကြာ ဒီနေ့အင်္ဂါနေ့မနက်ပိုင်းမှာပဲ ကင်ဂျုံအွန်က တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးပိုမိုမြှင့်တင်သွားမယ်လို့ နိုင်ငံပိုင်မီဒီယာ KCNAက ပြောပါတယ်။မြောက်ကိုရီးယားနိုင်ငံ တည်ထောင်တဲ့နှစ်ပတ်လည်နေ့မှာ တရုတ်သမ္မတရှီကျင့်ဖျင်ကပေးပို့တဲ့ဂုဏ်ပြုလွှာကို တုံ့ပြန်တဲ့အနေနဲ့ ကင်မ်ဂျူံအွန်းကတုံ့ပြန်လိုက်တာဖြစ်ပါတယ်။


တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားအတွက်အဓိကကျောထောက်နောက်ခံဖြစ်သလို မြောက်ကိုရီးယားနိုင်ငံရဲ့စီးပွားရေးအသက်သွေးကြောလို့လည်း ပြောလို့ရပါတယ်။တရုတ်သမ္မတရှီကျင့်ဖျင်က ဘေဂျင်းမြို့မှာပြုလုပ်ခဲ့တဲ့ ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ်ပတ်လည်အခမ်းအနားမှာ ကင်ဂျူံအွန်ကိုဖိတ်ကြားပြီး ဘေးချင်းကပ်ရပ်နေရာပေးခဲ့သလို ခြောက်နှစ်အတွင်း ပထမဆုံးသောသီးခြားတွေ့ဆုံမှုတစ်ခုကိုပါပြုလုပ်ခဲ့ပါတယ်။ အဲ့လိုမျိုးတရုတ်နဲ့ နီးကပ်တဲ့ဆက်ဆံရေးတွေတည်ဆောက်နေတဲ့အချိန်မှာပဲ ကင်ဂျုံအွန်က အမေရိကန်နဲ့ဆွေးနွေးဖို့လည်း အဆင်သင့်ဖြစ်နေပြီလို့ပြောနေပါတယ်။


Ref:BBC


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page