top of page

နော်ဝေပါလီမန်မှာလုပ်ခဲ့တဲ့ မြန်မာ့အရေးကြားနာပွဲ

  • Writer: BVJ
    BVJ
  • Dec 18, 2025
  • 1 min read

အေတီ/BVJ- ဒီဇင်ဘာ ၁၇၊ ၂၀၂၅

နော်ဝေပါလီမန် နိုင်ငံခြားရေးနဲ့ကာကွယ်ရေးကော်မတီက အဖွဲ့ဝင် (၇) ဦးနဲ့ ဒီဇင်ဘာ ၁၆ရက်နေ့က နော်ဝေပါလီမန်ထဲမှာ မြန်မာ့အရေးကြားနာမှု (Hearing)တစ်ခုပြုလုပ်ခဲ့တယ်လို့ Myanmar (CRPH) Support Group, Norwayအဖွဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်ဝတ်မှုန်ဝင်းကပြောပါတယ်။


“မြန်မာနိုင်ငံမှာစစ်အုပ်စုကကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားချင်းဆိုင်ရာအကူအညီပေးမှု အကျပ်အတည်းတွေ၊ အတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်တာတွေ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ ပြန်လွှတ်ပေးဖို့​တောင်းဆိုတဲ့ကိစ္စမှာ ပါဝင်ကူညီပေးဖို့၊ နော်ဝေအပါအဝင် ဥရောပသမဂ္ဂ(EU)က ပိုမိုခိုင်မာတဲ့အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ လိုအပ်နေတာတွေအလေးပေး တင်ပြဆွေးနွေးခဲ့ပါတယ်”


နော်ဝေမှာက တခြားပါလီမန်တွေလို ကြားနာမှုအကြီးကြီးလုပ်ပေးတဲ့ စနစ်မရှိတော့တဲ့အတွက် ပါလီမန်ကော်မတီတွေကပဲ ခေါ်တွေ့ ကြားနာတာတွေလုပ်နေရကြောင်း ဒေါ်ဝတ်မှုန်ဝင်းကထပ်ဖြည့်ပြောပါတယ်။ဒေါ်ဝတ်မှုန်ဝင်းနဲ့အတူပါလာတဲ့ World Freedom Fund အဖွဲ့က Nikolai Prydz ကလည်း တယ်လီနောကုမ္ပဏီနဲ့ ပတ်သက်တာတွေဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


နော်ဝေပါလီမန် နိုင်ငံခြားရေးကော်မတီဝင်တွေဘက်ကလည်း ဘယ်နိုင်ငံတွေက စစ်အုပ်စုကိုဖိအားပေးကိုင်တွယ်နိုင်မလဲဆိုတဲ့မေးခွန်းအပါအဝင် မေးခွန်း ငါးခုကို မေးမြန်းခဲ့ကြပြီး၊ မြန်မာ့အရေးကို နော်ဝေပါလီမန်ကတိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ကတိ​ပေးပြောကြားခဲ့ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page