ကာကွယ်ရေးအပါအဝင်တခြားကိစ္စတွေမှာပါ ပူးပေါင်းဆောင်ရွက်ဖို့ ဗီယက်နမ်နဲ့သဘောတူထားပြီလို့ မြောက်ကိုရီးယားပြော
- BVJ
- 5 days ago
- 1 min read
အီးကေ/BVJ_အောက်တိုဘာ ၁၁၊ ၂၀၂၅

မြောက်ကိုရီးယားနဲ့ ဗီယက်နမ်နှစ်နိုင်ငံအကြား ကာကွယ်ရေးအပါအဝင် နိုင်ငံခြားရေးနဲ့ကျန်းမာရေးကိစ္စတွေမှာပါပူးပေါင်းဆောင်ရွက်ဖို့ သဘောတူ လက်မှတ်ထိုးခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရပိုင်မီဒီယာ KCNAမှာ စနေနေ့ကဖော်ပြပါတယ်။
ကွန်မြူနစ်ပါတီခေါင်းဆောင် To Lamတူလမ် ဦးဆောင်တဲ့ ဗီယက်နမ်ကိုယ်စားလှယ်အဖွဲ့ဟာ ဒီတပါတ်အတွင်းကျင်းပမယ့် မြောက်ကိုရီးယားနိုင်ငံ အာဏာရအလုပ်သမားပါတီဖွဲ့စည်းခဲ့တဲ့ နှစ်၈၀ပြည့်အခမ်းအနားကိုတက်ရောက်ဖို့ ပြုံယမ်းမြို့မှာရောက်ရှိနေပါတယ်။
ဗီယက်နမ်ကွန်မြူနစ်ပါတီခေါင်းဆောင် တူလမ်ရဲ့ မြောက်ကိုရီးယားနိုင်ငံ အလည်အပတ်ခရီးစဥ်ဟာ နှစ်၂၀နီးပါးအတွင်း ဗီယက်နမ်ခေါင်းဆောင်တစ်ဦးရဲ့ ပထမဆုံးအလည်အပတ်ခရီးစဥ်ဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံနဲ့မြောက်ကိုရီးယားနိုင်ငံအကြားဆက်ဆံရေးကပိုမိုနီးကပ်လာပြီး ၂၀၁၉ခုနှစ်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ဗီယက်နမ်နိုင်ငံကိုသွားလည်ခဲ့ပြီး ဟနွိုင်းမြို့မှာအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့တွေ့ဆုံခဲ့ပါတယ်။
၂၀၂၃ခုနှစ် စက်တင်ဘာလနဲ့ ၂၀၂၄ခုနှစ် ဇွန်လအကြားမှာ အမေရိကန်၊တရုတ်နဲ့ ရုရှားထိပ်တန်းခေါင်းဆောင်တွေ ဗီယက်နမ်ကိုလာခဲ့ကြပါတယ်။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က ၂၀၂၅ခုနှစ် ဧပြီလထဲမှာ ဗီယက်နမ်ကိုနောက်တကြိမ်သွားလည်ခဲ့တာရှိပါတယ်။ ဗီယက်နမ်က တောင်ကိုရီးယားနဲ့ပုံမှန်အဆက်အသွယ်မပြတ်ရှိနေပြီး ဒီနှစ်သြဂုတ်လထဲမှာ ကွန်မြူပါတီခေါင်းဆောင် တူလမ်က တောင်ကိုရီးယားသမ္မတ Lee Jae-myungနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ဓာတ်ပုံ-ရိုက်တာ
Comments