မြောက်ကိုရီးယားနဲ့ မဟာဗျူဟာဆက်ဆံရေးတိုးမြှင့်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ တရုတ်သမ္မတ ရှီကျီ့ဖျင်ပြော
- BVJ

- Sep 10
- 1 min read
အေတီ/BVJ _ စက်တင်ဘာ ၉၊ ၂၀၂၅

တရုတ်သမ္မတရှီကျင့်ဖျင်က မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းဆီပေးပို့တဲ့ မြောက်ကိုရီးယားနိုင်ငံတည်ထောင်ခြင်း ၇၇နှစ်မြောက်နေ့ အထိမ်းအမှတ်ဂုဏ်ပြုလွှာထဲမှာ တရုတ်နိုင်ငံအနေနဲ့မြောက်ကိုရီးယားနဲ့မဟာဗျူဟာဆက်ဆံရေးတိုးမြှင့်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားလိုက်ပါတယ်။
ဒေသတွင်းနဲ့ကမ္ဘာ့ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြောက်ကိုရီးယားနိုင်ငံနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားဖို့ တရုတ်နိုင်ငံကဆန္ဒရှိကြောင်း ရှီကျင့်ဖျင်ရဲ့သဝဏ်လွှာထဲမှာထည့်သွင်းပြောကြားခဲ့ကြောင်း တရုတ်အစိုးရပိုင်ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျူံအွန်းဟာ ပြီးခဲ့တပါတ်က ကျည်လုံအထူးရထားနဲ့ဘေဂျင်းမြို့ကိုသွားခဲ့ပြီး တရုတ်သမ္မတရှီကျင့်ဖျင်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့နဲ့ အတူတက်ရောက်ခဲ့ပါတယ်။
အမေရိကန်အစိုးရကိုဆန့်ကျင်တဲ့ အုပ်စုတစ်ခု တည်ထောင်ဖို့ကြိုးစားနေတဲ့ အဲ့ဒီသုံးနိုင်ငံစလုံးက ခေါင်းဆောင်တွေဟာ အာဏာရှင်တွေဖြစ်ကြပြီး၊သူတို့နိုင်ငံတွေမှာလဲ နျူကလီးယားလက်နက်တွေ အသီးသီးပိုင်ဆိုင်ထားပါတယ်။
တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားနဲ့ ရုရှားတို့လို ဒေသတွင်း အာဏာရှင်တွေစုစည်းပြီး တရုတ်ဦးဆောင်တဲ့ ဒေသတွင်းအာဏာရှင်အုပ်စုတစ်စု China-led autocratic regional order တည်ထောင်နေပြီလို့လေ့လာတဲ့သူတွေက ခန့်မှန်းတွက်ချက်နေကြပါတယ်။
ခရက်ဒစ်-ရိုက်တာ







Comments