နိုင်ငံခြားက ရုပ်ရှင်တွေ၊တီဗီဇာတ်လမ်းတွဲတွေကြည့်တဲ့သူတွေကို သေဒဏ်ပေးအရေးယူတဲ့ကိစ္စ မြောက်ကိုရီးယားမှာ ပိုလုပ်လာနေ
- shwe yee
- Sep 15
- 1 min read
အေတီ/BVJ၊ စက်တင်ဘာ ၁၃၊ ၂၀၂၅

နိုင်ငံခြားကရုပ်ရှင်တွေကြည့်တာ၊ တီဗီဒရမ်မာတွေမျှဝေတာတွေလုပ်တဲ့သူတွေကို သေဒဏ်ပေးတဲ့ကိစ္စ မြောက်ကိုရီးယားမှာပိုလုပ်လာနေကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးအစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
ဒီအစီရင်ခံစာဟာ ပြီးခဲ့တဲ့၁၀နှစ်အတွင်းမှာ မြောက်ကိုရီးယားကထွက်ပြေးလာတဲ့သူ သုံးရာကျော်ရဲ့ ပြောကြားချက်အပေါ် အခြေခံပြီးထုတ်ပြန်ထားတာဖြစ်ပါတယ်။
၂၀၁၅ခုနှစ်မှာ မြောက်ကိုရီးယားက ဥပဒေသစ်၆ခုကိုထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီဥပဒေတွေထဲမှာ နိုင်ငံခြားရုပ်ရှင်တွေ၊ နိုင်ငံခြားမီဒီယာတွေကထုတ်လွှင့်တာတွေ ကြည့်တဲ့သူတွေကိုသေဒဏ်ပေးတဲ့ဥပဒေလည်း ပါဝင်ပါတယ်။
နိုင်ငံခြားရုပ်ရှင်နဲ့ နိုင်ငံခြားမီဒီယာကထုတ်လွှင့်တာတွေ ကြည့်တဲ့သူတွေသေဒဏ်ပေးတဲ့ကိစ္စဟာ ၂၀၂၀ခုနှစ်စပြီးပိုများလာတယ်လို့ မြောက်ကိုရီးယားကထွက်ပြေးလာတဲ့သူတွေက ကုလသမဂ္ဂ အချက်အလက်စုဆောင်းတဲ့သူတွေကို ပြောပါတယ်။
ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း မြောက်ကိုရီးယားအစိုးရက သူတို့ပြည်သူတွေကို ပိုမိုထိန်းချုပ်တာတွေ လုပ်ဆောင်လာနေတယ်ဆိုတဲ့အချက်အလက်တွေလည်း ကုလသမဂ္ဂလူ့အခွင့်အရေးရုံးကရရှိထားပါတယ်။
နိုင်ငံခြားရုပ်တွေကြည့်တယ်လို့ အရေးယူခံရတဲ့သူတွေဟာ မူးယစ်ဆေးဝါးပြစ်မှုနဲ့အရေးယူခံရတဲ့သူတွေနဲ့တတန်းထဲထားပြီး အရေးယူခံရကြောင်း ၂၀၂၃ခုနှစ်မှာ မြောက်ကိုရီးယားကနေထွက်ပြေးလာတဲ့ ကန်ဂူရီဆိုတဲ့အမျိုးသမီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
တောင်ကိုရီးယားကဇာတ်လမ်းတွဲတွေ ရုပ်ရှင်တွေကြည့်တဲ့ကိစ္စနဲ့ သူ့သူငယ်ချင်းသုံးယောက် သေဒဏ်ပေးကွက်မျက်ခံခဲ့ရတယ်လို့ သူကထပ်ဖြည့်ပြောပါတယ်။ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း မြောက်ကိုရီးယားမှာ ဖိအားပေးအလုပ်ခိုင်းစေမှုတွေပိုများလာသလို တကိုယ်ရည်လွတ်လပ်ခွင့်တွေပိတ်ပင်ခံရတာလည်း ပိုများလာတယ်လို့ထွက်ပြေးလာတဲ့သူတွေ အပြောအရသိရပါတယ်။
နောက်ဆုံးသုတေသနပြုချက်က မြောက်ကိုရီးယားအစိုးရဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကျူးလွန်နေတယ်ဆိုတာ ပထမဆုံးအကြိမ်တွေ့ရှိခဲ့တဲ့ ၂၀၁၄ ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်အစီရင်ခံစာကို အခြေခံပြီး ဖော်ပြထားတာဖြစ်ပါတယ်။







Comments