လမ်းပိုင်းစစ်ဆေးရေးလုပ်နေချိန်ကျဆုံးသွားတဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး)အဖွဲ့ ဗိုလ်မှူးမိုးကြိုး စျာပန
- BVJ

- Dec 18, 2025
- 1 min read
ယူဂရင်း/BVJ_ဒီဇင်ဘာ ၁၈၊ ၂၀၂၅

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) NMSP - AD / ရာမည မွန်တပ်တော် (RMA)က ဗိုလ်မှူးမိုးကြိုးဟာ မနေ့က ဒီဇင်ဘာ ၁၆ရက် မနက်ပိုင်းမှာ တာဝန်ထမ်းဆောင်ရင်းကျဆုံးသွားတယ်လို့ သိရပါတယ်။
ဗိုလ်မှူးမိုးကြိုးဟာ တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်လမ်းပိုင်းတနေရာမှာ စစ်ဆေးရေးလုပ်နေရင်း ကားဝင်တိုက်မိသွားတာကြောင့် ဒဏ်ရာပြင်းထန်ပြီးသေဆုံးသွားတာဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။
“ငါးကားနဲ့တိုက်မိတာ ဆေးခန်းမှာကုနေရင်း ဒဏ်ရာပြင်းလို့ဆေးရုံသွားဖို့လုပ်နေရင်း ကျဆုံးသွားတာပါ”

ဗိုလ်မှူးမိုးကြိုးရဲ့စျာပနကို မနေ့က ဒီဇင်ဘာ ၁၇ရက်နေ့ကပြုလုပ်ခဲ့ကြောင်းကိုလည်း မိခင်တပ်ရင်းဖြစ်တဲ့ ) NMSP – AD/ RMAကလည်း အသိပေးထုတ်ပြန်ထားပါတယ်။


ဗိုလ်မှူးမိုးကြိုးဟာ မိခင်တပ်ရင်းကပေးအပ်တဲ့တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နေရင်း နိုင်ငံနဲ့ ပြည်သူအတွက် အသက်ပေးလှူသွားခဲ့တဲ့အတွက် ထပ်တူဝမ်းနည်းကြောင်းသဝဏ်လွှာတွေကိုလည်း မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ နည်းဗျူဟာ(၃၃)၊ အထူးတိုင်းစစ်ဌာန၊ ရေးပြောက်ကျားတပ်(YGF)၊ ဆာကပေါတပ်ရင်း-ကော်သူးလေတပ်တော်(KTLA)၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်(DNLA)တို့ကလည်း ဖော်ပြထားပါတယ်။
ကျဆုံးဗိုလ်မှူးမိုးကြိုးစျာပန ပြုလုပ်နေပုံ(ဓါတ်ပုံ-NMSP-AD/RAM)







Comments