စစ်အုပ်စုလုပ်တဲ့ရွေးကောက်ပွဲ အားပေးဝင်ပြိုင်တဲ့ ပါတီဝင် ၂၀ ကို NLDထုတ်ပယ်
- BVJ

- Dec 26, 2025
- 1 min read
BVJ/ဂျိုး_ဒီဇင်ဘာ ၂၅၊ ၂၀၂၅

အာဏာသိမ်းစစ်အုပ်စုကကျင်းပပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ပါတီဝင်တွေနဲ့ ရွေးကောက်ပွဲကိုအားပေးကူညီနေတဲ့ ပါတီဝင် ၂၀ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီကထုတ်ပယ်လိုက်ကြောင်း ဒီကနေ့မှာသတင်းထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ နိုင်ငံရေးတရားဝင်မှုရရှိစေရေးရည်ရွယ်ပြီး ပြုလုပ်တဲ့အတု အယောင်ရွေးကောက်ပွဲကို NLDပါတီပါဝင်တွေအနေနဲ့ အသိအမှတ်မပြုကြဖို့နဲ့ပူးပေါင်းဆောင်ရွက်တာတွေ မပြုလုပ်ကြဖို့ ပါတီကတားမြစ်ထားတာလည်းဖြစ်ပါတယ်။
လက်ရှိထုတ်ပယ်ခံရသူတွေဟာ ပြည်သူ့ဆန္ဒကိုမျက်ကွယ်ပြုပြီး ပါတီကချမှတ်ထားတဲ့ ဆုံးဖြတ်ချက်နဲ့ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်တာကြောင့် အခုလိုထုတ်ပယ်လိုက်ရတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထုတ်ပယ်ခံရသူတွေကတော့ ကရင်ပြည်နယ်၊မြဝတီခရိုင်အလုပ်အမှုဆောင်အဖွဲ့သတင်းပြန်ကြားရေး အဖွဲ့ဝင်ဦးညီညီထွန်း၊ ကရင်ပြည်နယ်လှိုင်းဝကျေးရွာ အလုပ်အမှုဆောင် ရပ်/ကျေးးအဖွဲ့ဝင် ဦးအောင်ကိုဦး၊ ပဲခူးတိုင်း၊ဒိုက်ဦးမြို့နယ်ရပ်/ကျေး အလုပ်အမှုဆောင်အဖွဲ့ ဝင် ဦးသန်းထိုက်အောင်၊ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်အလုပ်အမှုဆောင်အဖွဲ့သတင်းပြန်ကြားရေး ဦးအေးလွင်၊ မွန်ပြည်နယ်ကျိုက္ခမီမြို့ သံဖြူဇရပ်မြို့နယ်ပါတီဝင်ဦးထွန်းဝင်းတို့ကို ပါတီဝင်အဖြစ်က ထုတ်ပယ်လိုက်ပါတယ်။
ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်ဒေါ်ချိုနွယ်ဦး၊ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် အလုပ်အမှုဆောင်ဥက္ကဌဒေါက်တာဖြူဖြူခိုင်နဲ့ ၇၈ရပ်/ကျေးအလုပ်အမှု ဆောင်အဖွဲ့ တွဲဘက်အတွင်းရေးမှူးဟောင်း ဦးအောင်မိုး၊ ၁၆၈ရပ်ကျေးအလုပ်အမှုဆောင်အဖွဲ့ ဝင်ဦးသိုးတင့်၊၁၆၈ ရပ်/ကျေး အမျိုးသမီးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးဒေါ်လှရီ တို့ပါဝင်ပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ရပ်ကျေး/ကျေးအလုပ်အမှုဆောင်ဘဏ္ဍာရေးမှူး ဒေါ်မာမာလွင်၊ ၇၈ရပ်ကျေးအမျိုးသမီးလုပ်ငန်းအဖွဲ့ဝင် ဒေါ်တင်အေး၊၆၈ရပ်ကွက် မြို့မယ်အလုပ်အမှုဆောင်အဖွဲ့ဝင်ဦးစန်းလွင်၊၆၇ရပ်/ကျေးအလုပ်အမှုဆောင်အဖွဲ့ဝင်ဦးတိုးအောင်၊မင်္ဂလာတောင်ညွန့်မြို့နယ် ဥက္ကဌဟောင်း ဦးစိန်မြိုင်၊တွဲဘကက်အတွင်းရေးမှူးဦးဌေးမြင့်၊ပါတီဝင် ဦးသန်းစိုး(ဘောဂဗေဒ)၊ပါတီဝင် ဒေါ်မွန်မွန်အောင်၊ဦးညီညီထွန်း၊ဗဟန်းမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဦးသောင်းထွဋ်တို့ကို ပါတီဝင်အဖြစ် ထုတ်ပယ်လိုက်တာလည်းဖြစ်ပါတယ်။
အာဏာသိမ်း ပြည်သူတွေကို နေ့စဉ်လေကြောင်းဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်အုပ်လုပ်မယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတခုမဖြစ်နိုင်တာကြောင့် တော်လှန်ရေးအင်အားစုတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ကန့်ကွက်ထားကြတာလည်းဖြစ်ပါတယ်။
ဒါပေမယ့်လည်း စစ်အုပ်စုဘက်ကတော့ ရွေးကောက်ပွဲပထမပိုင်းကို မြန်မာနိုင်ငံအတွင်းက မြို့နယ်ပေါင်း ၁၀၂မြို့နယ်မှာ လာမယ့် ဒီဇင်ဘာလ ၂၈ရက် တနင်္ဂနွေနေ့မှာကျင်းပတော့မှာ ဖြစ်ပါတယ်။







Comments