top of page

စစ်အုပ်စုရွေးကောက်ပွဲ ဝင်ပြိုင်မယ့် NLDအမတ် ပါတီက ထုတ်ပယ်ခံရ

  • Writer: BVJ
    BVJ
  • Sep 2
  • 1 min read

BVJ/ဇော် - စက်တင်ဘာ ၁၊ ၂၀၂၅

ree

စစ်အုပ်စုက ဦးဆောင်ပြုလုပ်မယ့် ရွေးကောက်ပွဲဝင်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးစိုးထက် (ခ) ဆလိုင်းမဲလုကို ပါတီကနေထုတ်ပယ်လိုက်တယ်လို့ ဒီနေ့မှာ ကြေညာပါတယ်။


နိုင်ငံရေးတရားဝင်မှုရအောင်ရည်ရွယ်ပြီးကျင်းပတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ချင်းပြည်နယ်၊ပလက်ဝမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်နဲ့ ပလက်ဝမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ပြည်နယ်လွှတ််တော်ကိုယ်စားလှယ် ဦးစိုးထက် (ခ) ဆလိုင်းမဲလုကို ပြည်သူ့ဆန္ဒဆန့်ကျင်သူ၊ NLD ပါတီရဲ့ဆုံးဖြတ်ချက်တွေကို မလိုက်နာသူအဖြစ်သတ်မှတ်ပြီး ထုတ်ပယ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။


အခုဆုံးဖြတ်ချက်ဟာ ပြီးခဲ့တဲ့လ ဩဂုတ် ၃၀ရက်ကလုပ်ခဲ့တဲ့ ဗဟိုဌာနချုပ်အစည်းအဝေး ဆုံးဖြတ်ချက်အရဖြစ်တယ်လို့ NLDက ဖော်ပြပါတယ်။


ချင်းပြည်နယ်ဝန်ကြီးဟောင်း ဦးစိုးထက်(ခ)ဆလိုင်းမဲလုဟာ ချင်းပါတီတစ်ခုဖြစ်တဲ့ ချင်းပြည်သစ်ကွန်ဂရက်ပါတီ(NCC) ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး စစ်အုပ်စုရွေးကောက်ပွဲဝင်ပြိုင်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။


စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့နဲ့ ပူးပေါင်းဆောင်ရွက်တာတွေမလုပ်ကြဖို့ကို ကြားကာလ ဗဟိုကော်မတီအစည်းအဝေးတွေမှာ ထုတ်ပြန်တားမြစ်ထားကြောင်းကိုလည်း NLDထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page