top of page

နီကိုလပ်စ် မာဒူရို ဆိုတာဘယ်သူလဲ

  • Writer: BVJ
    BVJ
  • Jan 5
  • 1 min read

BVJ_ဇန်နဝါရီ ၃၊ ၂၀၂၆

အမေရိထန်အထူးတပ်ဖွဲ့က ဗင်နီဇွဲလားနိုင်ငံကနေအိမ်မှာဝင်ရောက်ဖမ်းဆီးသွားတဲ့ သမ္မတမာဒူရိုဟာ ဘယ်လိုလူမျိူးလဲ၊ ဘယ်လိုပုံစံနဲ့အာဏာရလာတာလဲ။ အာဏာကိုဘယ်လိုထိန်းချုပ်ခဲ့လဲဆိုတာတွေ စုစည်းတင်ပြထားပါတယ်။


•လူကြိုက်များတဲ့လက်ဝဲယိမ်းသမ္မတ မာဒူရိုရဲ့ဆရာ ဟူဂိုချာဗက်ဇ်ကွယ်လွန်ပြီးနောက် ၂၀၁၃ခုနှစ်ကစပြီးမာဒူရိုဟာ ဗင်နီဇွဲလားနိုင်ငံရဲ့သမ္မတဖြစ်လာခဲ့ပါတယ်။

•ကာရာကတ်စ်မြို့မှာ ဘတ်စ်ကားမောင်းသူအဖြစ် စတင်အလုပ်လုပ်ခဲ့ပြီးနောက် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တစ်ဦးလည်းဖြစ်လာခဲ့ပါတယ်။ အဲ့ဒီကနေလွှတ်တော်အမတ်အဖြစ်ရွေးချယ်ခံခဲ့ရပြီး ဟူဂိုချာဗက်ဇ်အစိုးရရဲ့ နိုင်ငံခြား ရေးဝန်ကြီး၊ဒုတိယသမ္မတအဖြစ် တာဝန်ယူခွင့်ရခဲ့ပါတယ်။


ဘာကြောင့် လူကြိုက်မများတာလဲ

• မာဒူရိုဟာဆွဲဆောင်မှုရှိပြီး စည်းရုံးရေးတော်တဲ့သူ့ဆရာ ဟူဂို ချာဗက်ဇ်ရဲ့ လူကြိုက်များမှုကိုတော့ လုံးဝမယှဉ်နိုင်ခဲ့ပါဘူး။

• စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ ဈေးနှုန်းထိန်းချုပ်မှု၊ရေနံအပေါ် မှီခိုနေရတဲ့ကိစ္စတွေအပါအဝင် နောက်ဆက်တွဲအနေနဲ့ မာဒူရိုလက်ထက်မှာ ဗင်နီဇွဲလားနိုင်ငံရဲ့ စီးပွားရေး ပြိုလဲသွားခဲ့ပါတယ်။

•၂၀၁၀ပြည့်နှစ်လွန်တွေအတွင်းမှာ ရေနံဈေးနှုန်းတွေကျဆင်းသွားတာကြောင့် ဗင်နီဇွဲလားနိုင်ငံအတွက် အစားအစာနဲ့ဆေးဝါးတင်သွင်းမှုတွေမလုပ်နိုင်တဲ့အထိ ကြုံခဲ့ရပါတယ်။ ငွေစက္ကူတွေဆက်တိုက်ရိုက်ထုတ်တာကြောင့် ငွေကြေး ဖောင်းပွမှုမြင့်တက်လာပြီး ငွေကြေးတန်ဖိုးကျဆင်းသွားခဲ့ပါတယ်။ အဂတိလိုက်စားမှုတွေနဲ့နိုင်ငံတကာပိတ်ဆို့မှုတွေကလည်း ဖိအားတွေပိုမြင့်လာစေခဲ့ပါတယ်။

• မာဒူရိုကသူ့ကိုမကျေနပ်မှု၊ဆန့်ကျင်မှုတွေကို ဖိနှိပ်မှုနဲ့တုန့်ပြန်ခဲ့ပါတယ်။ဆန္ဒပြပွဲတွေကိုရက်ရက်စက်စက်နှိမ်နင်းခဲ့ပြီး ၂၀၁၈နဲ့ ၂၀၂၄ရွေးကောက်ပွဲတွေမှာလည်းလိမ်လည်တယ်ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။

•မာဒူရိုအာဏာစယူတဲ့ ၂၀၁၃ ခုနှစ်ကစပြီး ဗင်နီဇွဲလားနိုင်ငံရဲ့လူဦးရေလေးပုံတစ်ပုံကျော် လူဦးရေ၈သန်းခန့်ဟာ စီးပွားရေးအကျပ်အတည်းနဲ့ဖိနှိပ်မှုတွေကြောင့် နိုင်ငံရပ်ခြားကိုပြောင်းရွှေ့အခြေချခဲ့ရပါတယ်။

• ချာဗက်ဇ်နဲ့မာဒူရိုတို့ရဲ့ အစွန်းရောက်လက်ဝဲယိမ်း 'ဘိုလီးဗီးယားတော်လှန်ရေး'အယူဝါဒက အမေရိကန်အရင်းရှင်စနစ်ရဲ့လွှမ်းမိုးမှုကို ဆန့်ကျင်ငြင်းပယ်ခဲ့ပြီး အမေရိကန်ကိုအင်ပါယာအင်အားကြီးနိုင်ငံတစ်ခုအဖြစ် တံဆိပ်ကပ်ဆက်ဆံခဲ့ပါတယ်။


• အမေရိကန်က မာဒူရိုရဲ့ နိုင်ငံရေးဖိနှိပ်မှုကိုဝေဖန်ဆန့်ကျင်ခဲ့ပြီး ၂၀၁၈နဲ့ ၂၀၂၄ခုနှစ် ရွေးကောက်ပွဲမသမာမှုစွပ်စွဲချက်တွေထွက်ပေါ်လာပြီးနောက်မှာ သူ့ရဲ့တရားဝင်မှုကိုငြင်းဆိုခဲ့ပါတယ်။ မာဒူရိုရဲ့အတိုက်အခံကိုယ်စားလှယ်လောင်းတွေကို တရားဝင်ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတတွေအဖြစ်အသိအမှတ်ပြုခဲ့ပါတယ်။

•ဗင်နီဇွဲလားနိုင်ငံဟာ ပြည်တွင်းရာဇဝတ်ဂိုဏ်းတွေကိုနှိမ်နင်းဖို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ကြောင်း အမေရိကန် အစိုးရအဆက်ဆက်ကစွပ်စွဲခဲ့ကြပါတယ်။

•ထရမ့်ကတော့ အရင်အမေရိကန်သမ္မတွေထက် အများကြီးပိုဆိုးပါတယ်။ ဗင်နီဇွဲလားနိုင်ငံက ရွှေ့ပြောင်းနေထိုင်သူသိန်းနဲ့ချီ အမေရိကန်နိုင်ငံထဲဝင်ရောက်လာတာနဲ့ပတ်သက်ပြီး ထရမ့်က နီကိုလတ်စ်မာဒူရိုကိုအပြစ်တင်ခဲ့ပါတယ်။၁၉၇၆ခုနှစ်မှာ ဗင်နီဇွဲလားနိုင်ငံကစက်မှုလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းခဲ့စဥ်က အမေရိကန်ရေနံကိုခိုးယူခဲ့တယ်လို့ စွပ်စွဲပါတယ်။ မာဒူရိုကိုလည်း မူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ယောက်လို့စွပ်စွဲခဲ့ပေမယ့် မာဒူရိုကငြင်းဆိုထားပါတယ်။

ခရက်ဒစ်- SKY NEWS

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page