top of page

နီပေါမှာ ဆန္ဒပြပွဲတွေအရှိန်မြင့်လာ

  • Writer: BVJ
    BVJ
  • Sep 10
  • 1 min read
  • ဝန်ကြီးချုပ်ရာထူးကနှုတ်ထွက်သွားပြီး လွှတ်တော် မီးရှို့ဖျက်ဆီးခံရ


အေတီ/BVJ_ စက်တင်ဘာ ၉ ၊၂၀၂၅

ree

တနင်္လာနေ့ကစတင်ဖြစ်ပွားခဲ့တဲ့ နီ‌ပေါနိုင်ငံကအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဒီနေ့မှာအရှိန်တိုးမြှင့်ဖြစ်ပွားလာပြီးနောက် နီပေါဝန်ကြီးချုပ် KP Sharma Oli ရာထူးကနှုတ်ထွက်သွားပြီး၊ လွှတ်တော်အဆောက်အဦးလည်း မီးရှို့ဖျက်ဆီးခံလိုက်ရပါပြီ။


သေဆုံးမှုအခြေအနေကလည်း ဒီနေ့ နှစ်ဦးထပ်တိုးလာပြီး ၂၁ ဦးထိရောက်သွားပြီလို့ သိရပါတယ်။

နီပေါအစိုးရအဖွဲ့ ပြည်ထဲရေးဝန်ကြီး၊ စိုက်ပျိုးရေးနဲ့ရေအရင်းမြစ်ဝန်ကြီးနဲ့ ဒအခြားဝန်ကြီးတစ်ဦးတို့လဲ ရာထူးကနှုတ်ထွက်သွားပါပြီ။


နီပေါပြည်ထဲရေးဝန်ကြီးကို သူ့ဝန်ကြီးဌာနလက်အောက်ခံရဲတပ်ဖွဲ့ရဲ့ဆန္ဒပြပွဲတွေကိုကိုင်တွယ်ဖြေရှင်းမှုနဲ့ပတ်သက်ပြီး ဝေဖန်အပြစ်တင်မှုတွေရှိလာတဲ့အတွက် ပြည်ထဲရေးဝန်ကြီးရာထူးက နှုတ်ထွက်သွားတာဖြစ်ပါတယ်။


ဆိုရှယ်မီဒီယာပလက်ဖောင်းတွေ ပိတ်ပင်မှုကနေ မီးထတောက်ခဲ့တဲ့နီပေါဆန္ဒပြပွဲဟာ အခြားမြို့တွေအထိပါကူးစက်သွားပြီး တနိုင်ငံလုံးအတိုင်းအတာဖြစ်ပွားတဲ့အဆင့်ရောက်လာပါတယ်။

ree

ပြီးခဲ့တဲ့တပါတ်က ဖေ့စ်ဘုခ်နဲ့ယူကျု့အပါအဝင် ဆိုရှယ်မီဒီယာ ပလက်ဖောင်း၂၆ခုကို နီပေါအစိုးရက ပိတ်ပင်လိုက်တာဟာ ဆန္ဒပြပွဲဖြစ်ပွားမှုရဲ့အဓိက လတ်တလောအကြောင်းရင်းဖြစ်ပေမယ့် အကျင့်ပျက်ခြစားမှုတွေမနှိမ်နင်းနိုင်တာ စီးပွားရေးကျပ်တည်းလာတာနဲ့ လူငယ်တွေအလုပ်လက်မဲ့ပိုများလာတာတွေက ဆန္ဒပြပွဲဖြစ်ပွားမှုရဲ့နောက်ကွယ်က အဓိကအကြောင်းရင်းတွေဖြစ်ပါတယ်။


နီပေါနိုင်ငံက အသက် ၁၅နှစ်ကနေ ၂၄နှစ်ကြား လူငယ်အလုပ်လက်မဲ့နှုန်းဟာ ၂၀၂၄ခုနှစ်မှာ ၂၀.၈% ထိတက်လာတယ်လို့ ကမ္ဘာ့ဘဏ်ကထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရသိရပါတယ်။


ဆန္ဒပြတဲ့လူတွေက အင်္ဂါနေ့ မွန်းလွဲပိုင်းမှာ နီပေါ မြို့တော် ခတ္တမန္ဒူမြို့လယ်မှာရှိတဲ့ ပါလီမန် အဆောက်အဦးထဲကထိဝင်ဖို့ ကြိုးစားခဲ့ကြပြီး နောက်ဆုံးမှာလွှတ်တော်အဆောက်အဦးကို မီးရှို့ဖျက်ဆီးခံရတဲ့အခြေအနေထိ ဖြစ်သွားပါတယ်။


လတ်တလောရာထူးကနှုတ်ထွက်သွားတဲ့ ဝန်ကြီးချုပ် အိုလီရဲ့အိမ်အပါအဝင် ၀န်ကြီးချုပ်ဟောင်း Sher Bahadur Deuba တို့ အပါအဝင် နာမည်ကြီး နိုင်ငံရေးသမားတွေရဲ့နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ နိုင်ငံရေးပါတီဌာနချုပ်ကိုလည်းပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ree

နီပေါရဲတပ်ဖွဲ့ကဆန္ဒပြပွဲတွေကို မျက်ရည်ယိုဗုံးတွေသုံးပြီးတားဆီးနေသလို ခတ္တမန္ဒူ မြို့အပါအဝင် နိုင်ငံအနှံ့အပြားကလမ်းမတွေပေါ်မှာ ဆန္ဒပြလူငယ်တွေပိုပိုများလာတာကြောင့် နီပေါရဲတပ်ဖွဲ့ဆန္ဒပြပွဲတွေကို မျက်ရည်ယိုဗုံးတွေသုံးပြီး ဖြိုခွင်းနေရပါတယ်။


ခတ္တမန္ဒူ Tribhuvan အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ပြည်တွင်းလေကြောင်းခရီးစဉ်တွေဟာလည်း လုံခြုံရေးအခြေအနေကြောင့် ရပ်တန့်လုနီးပါးဖြစ်နေပြီလို့ နီပေါနိုင်ငံလေကြောင်းအာဏာပိုင်တွေက ပြောပါတယ်။

ref-BBC


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page