top of page

နီ‌ပေါ Gen Zတွေထောက်ခံနေတဲ့ ရက်ပ်အဆိုတော် ဘာလန်ဒရာရှား ဝန်ကြီးချုပ်ဖြစ်လာတော့မလား

  • Writer: BVJ
    BVJ
  • Sep 10
  • 1 min read

အေတီ

ree

ဆန္ဒပြပွဲတွေအကြီးအကျယ်ဖြစ်ပြီး နိုင်ငံရေးမတည်မငြိမ်မှုတွေဖြစ်ပွားလာတာကြောင့် ရာထူးကနှုတ်ထွက်သွားရတဲ့ ဝန်ကြီးချုပ်ကေပီရှာမာအိုလီ နေရာမှာအစားထိုးဖို့ နီပေါဂျန်ဇက်တွေအကြီးအကျယ်သဘောကျထောက်ခံနေတဲ့သူတစ်ယောက်ရှိပါတယ်။


အဲ့ဒီသူကတော့ နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူမြို့ရဲ့ လက်ရှိမြို့တော်ဝန် Balendra Shah ဘာလန်ဒရာရှားဖြစ်ပါတယ်။ ဘာလန်လို့လူသိများတဲ့ ဘာလန်ဒရာရှားဟာ မြို့ပြအင်ဂျင်နီယာတစ်ဦးဖြစ်သလို မညီမျှမှုတွေနဲ့အကျင့်ပျက်ခြစားမှုတွေကို သူ့ဂီတကတဆင့်ဖော်ပြခဲ့တာကြောင့် နာမည်ကြီးလာတဲ့ရက်ပါတစ်ဦးဖြစ်ပါတယ်။


ဆိုရှယ်မီဒီယာပလက်ဖောင်းတွေ ပိတ်ပင်မှုကြောင့် စတင်ဖြစ်ပွားလာတဲ့ဆန္ဒပြပွဲတွေဖြစ်ပြီး နောက်တစ်ရက်မှာပဲ ၀န်ကြီးချုပ်ကေပီရှာမာအိုလီရာထူးက နှုတ်ထွက်ခဲ့ရပါတယ်။ဆန္ဒပြတဲ့သူတွေနဲ့ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ်မှုဖြစ်ပြီးနောက် အနည်းဆုံးလူ ၁၉ ဦး သေဆုံးခဲ့သလိုရဲတွေနဲ့ဆန္ဒပြသူတွေအကြားရုန်းရင်းဆန်ခတ်ဖြစ်ပြီး၊ အိမ်တွေမီးရှို့ဖျက်ဆီးခံရ၊ လွှတ်တော်အဆောက်အဦးတစ်ခုလုံးပါ မီးတင်ရှို့ခံရတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။


၂၀၁၅ခုနှစ်ကနေ၂၀၂၅ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန်သုံးကြိမ်ထမ်းဆောင်ခဲ့တဲ့ ကေပီရှာမာအိုလီရာထူးကနှုတ်ထွက်ပြီးနောက် အခြားဝန်ကြီးအချို့ကပါ ရာထူးကနှုတ်ထွက်သွားတဲ့အတွက် ဘယ်သူက နီပေါအစိုးရကိုခေါင်းဆောင်မလဲဆိုတဲ့ မေးခွန်းရှိလာပါတယ်။


လတ်တလောဆန္ဒပြပွဲတွေကိုဦးဆောင်နေတဲ့ နီပေါ Gen Z တွေကြားရေပန်းစားနေပြီး ဝန်ကြီးချုပ်လုပ်ဖို့ အဆိုတင်သွင်းခံထားရတဲ့သူကတော့ ဘာလန်ဒရာရှား ဆိုသူဖြစ်ပါတယ်။

ree

  • ဘာလန်ဒရှားဆိုတာ ဘယ်သူလဲ

၁၉၉၀ခုနှစ်ဖွား အသက်၃၅နှစ် ခတ္တမန္ဒူမြို့ဇာတိ ဘာလန်ဒရာရှား(ခ)ဘာလန်ဟာ နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူမြို့ရဲ့လက်ရှိမြို့တော်ဝန်ဖြစ်ပါတယ်။ နီပေါနိုင်ငံက တက္ကသိုလ်တစ်ခုမှာမြို့ပြအင်ဂျာနီယာဘွဲ့တစ်ခုရထားတဲ့အပြင် အိန္ဒိယက Visvesvaraya နည်းပညာတက္ကသိုလ်ကလည်း အင်ဂျင်နီယာမဟာဘွဲ့တစ်ခုကိုလည်းရထားတယ်လို NDTV သတင်းဌာနမှာ ဖော်ပြထားပါတယ်။


အရင်က နီပေါနိုင်ငံ ဟစ်ဟော့လောကမှာ ရက်ပ်ပါတစ်ဦးအဖြစ်တက်ကြွစွာပါဝင်ခဲ့ပြီး မညီမျှမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေကို သူကိုယ်တိုင်ရေးတဲ့ သီချင်းတွေထဲမှာ ထည့်ဆိုခဲ့တဲ့အတွက် လူသိများလာတဲ့သူဖြစ်ပါတယ်။


  • ခတ္တမန္ဒူမြို့တော်ဝန်အဖြစ် ရွေးချယ်ခံရ

၂၀၂၂ ခုနှစ် ခတ္တမန္ဒူမှာ မြို့တော်ဝန်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲပေါင်း ၆၁,၀၀၀ ကျော်နဲ့အနိုင်ရရှိခဲ့ပါတယ်။


ဘာလန်ဒရာရှား(ခ)ဘာလန်က ဆိုရှယ်မီဒီယာပလက်ဖောင်း ၂၆ခုပိတ်ပင်မှုကနေ စတင်ဖြစ်ပွားခဲ့တဲ့ နီပေါဆန္ဒပြပွဲကိုဦးဆောင်တဲ့ လူငယ်မျိုးဆက်တွေကို အကြီးအကျယ်ထောက်ခံခဲ့ပါတယ်။


ဘီမာပိုကာရယ်ဆိုတဲ့သူတစ်ဦးက ရေးထားတဲ့ X ဆိုရှယ်မီဒီယာကပို့စ်တစ်ခုမှာ ဘာလန်ဒရာရှားဝန်ကြီးချုပ်ရာထူးလက်ခံရယူရယူဖို့တိုက်တွန်းထားပါတယ်။

ree

"ခင်ဗျားကငါတို့နိုင်ငံအတွက် နောက်ဆုံးမျှော်လင့်ချက်။ ကျေးဇူးပြုပြီး နီပေါနိုင်ငံရဲ့ တောက်ပတဲ့အနာဂတ် ကို လမ်းပြဖို့ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပေးပါလို့ "‌ရေးထားပါတယ်။


တနင်္လာနေ့ကဆန္ဒပြပွဲမှာ လူသေဆုံးမှုဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး နီပေါဝန်ကြီးချုပ် ကေပီရှာမာအိုလီကို ဘာလန်ရှားကအပြစ်တင်ခဲ့ပြီး “သား သို့မဟုတ် သမီးဆုံးရှုံးရတဲ့ဝေဒနာ"ကို နားမလည်တဲ့ "အကြမ်းဖက်သမား" လို့တောင်နာမည်တပ်ခဲ့ပါတယ်။


ဆန္ဒပြပွဲတွေကြောင့် လူသေဆုံးမှုတွေဖြစ်၊ အဆောက်အဦးတွေမီးရှို့ခံနေရပြီး လွှတ်တော်အ ဆောက်အဦးတောင်မီးတင်ရှို့ခံလိုက်ရတဲ့အုပ်ချုပ်ရေးလျော့ရဲနေတဲ့ နီပေါနိုင်ငံရဲ့အခြေအနေကို ကမ္ဘာနဲ့ တရုတ်၊အိန္ဒိယအပါအဝင် အိမ်နီးနားချင်းနိုင်ငံတွေကလည်း စောင့်ကြည့်နေကြပါတယ်။


တိုင်းပြည်ကိုတည်ငြိမ်အောင် ပြန်ထိန်းနိုင်ဖို့အမြန်လိုအပ်နေတဲ့နီပေါနိုင်ငံမှာ ဘာလန်ဒရာရှားတစ်ယောက် ဝန်ကြီးချုပ်ဖြစ်လာမလားဆိုတာကတော့ မကြာခင်ရက်ပိုင်းအတွင်းမှာ အဖြေထွက်လာတော့မှာဖြစ်ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page