ဒေါ်အောင်ဆန်းစုကြည်ပန်းခြံမှာပြုလုပ်ခဲ့တဲ့ နိုင်ငံရေးအကျဥ်းသားလွတ်မြောက်ရေး လှုပ်ရှားမှု
- BVJ

- 1 day ago
- 1 min read
BVJ_ဇွန် ၂၅၊ ၂၀၂၆

စစ်အုပ်စုရဲ့ဖမ်းဆီးအကျဥ်းကျခံနေရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်မြောက်မွေးနေ့ပွဲနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးလှုပ်ရှားမှုကို နော်ဝေနိုင်ငံ၊ ဖရိုလန်း (Froland)မြို့က ဒေါ်အောင်ဆန်းစုကြည်ပန်းခြံမှာ ဇွန်လ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တို့ကကျင်းပခဲ့ပါတယ်။
အခုလှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်အထိမ်းအမှတ်ပန်းခြံကော်မတီနဲ့ Myanmar (CRPH) Support Group (Norway)တို့ကဦးဆောင်ကျင်းပခဲ့ပြီး ဂျာမဏီ၊ ဆွစ်ဇာလန်၊ စင်္ကာပူ၊ ဆွီဒင်၊ ဒိန်းမတ်၊ နယ်သာလန်၊ ပြင်သစ်၊ ဖင်လန်၊ အင်္ဂလန်၊ အိန္ဒိယနဲ့ အီတလီအစရှိတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက ပြည်ပရောက်မြန်မာမိသားစုများစွာက ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။


လှုပ်ရှားမှု ပထမနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ပြည်ပရောက်မြန်မာပြည်ဖွားတွေ ရင်းနှီးပွင့်လင်းစွာတွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီကနေ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံကို နှင်းဆီပန်းတွေ၊မီးတုတ်တွေ အလံတွေကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။



ဇွန်လ ၂၀ ရက်နေ့ ဒုတိယနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံအတွင်းမှာ နိုင်ငံရေးအကျဥ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုနဲ့အတူ စျေးရောင်းပွဲကျင်းပခဲ့ပြီး ရောင်းရငွေစုစုပေါင်း ၁၃၀,၉၉၇ ခရိုနာ (Norway Kroner)ရရှိခဲ့ပါတယ်။ ရရှိလာတဲ့ရံပုံငွေတွေကို မြန်မာပြည်အတွင်းကလိုအပ်တဲ့နေရာမှာ အသုံးပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။




Comments