ဆိုရှယ်မီဒီယာတွေပိတ်ပင်မှုကနေ နီပေါမှာဆန္ဒပြပွဲတွေဖြစ်ပြီး အနည်းဆုံး ၁၉ ဦးသေဆုံး
- BVJ

- Sep 9
- 1 min read
အေတီ/BVJ_စက်တင်ဘာ ၉၊ ၂၀၂၅

အကျင့်ပျက်ခြစားမှုနဲ့အစိုးရက ဆိုရှယ်မီဒီယာတွေကိုပိတ်ပင်ခဲ့တာကြောင့် နီပေါနိုင်ငံမှာ တနင်္လာနေ့ကဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၉ ဦး သေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။
နီပေါအစိုးရက ဖေ့စ်ဘုခ်၊ X ၊ ယူကျူ့ ၊ အင်စတာဂရမ်အပါအဝင် ဆိုရှယ်မီဒီယာပလက်ဖောင်းတွေ ပိတ်ပင်လိုက်မှုကို မကျေမနပ်ကြသူတွေ၊ သူ့တိုကိုယ်သူတို့ Generation Zတွေလို့အမည်ပေးထားတဲ့ ထောင်နဲ့ချီတဲ့ဆန္ဒပြတဲ့သူတွေဟာ နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒုမြို့ကလွှတ်တော်အနီးမှာ တနင်္လာနေ့ကစုဝေးဆန္ဒပြခဲ့ကြပါတယ်။
အဲ့ဒီကနေ လွှတ်တော်ဘက်ကိုဦးတည်ချီတက်ကြပြီး အကျင့်ပျက်ခြစားမှုတွေရပ်၊ ဒီလောက်ဆို တော် လောက်ပါပြီ အစရှိတဲ့ကြွေးကြော်သံတွေတိုင်ပြီး ပိုစတာတွေကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။
နောက်ပိုင်းမှာဆန္ဒပြတဲ့သူတွေနဲ့ ရဲတပ်ဖွဲ့ကြားရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြသူအချို့က လွှတ်တော်အဆောက်အအုံထဲဝင်ဖို့ကြိုးစားတာကနေ ရဲတပ်ဖွဲ့ နဲ့ထိပ်တိုက်ဖြစ်ပြီး လူ ၁၉ ဦးသေဆုံးရတဲ့အခြေအနေထိရောက်ရှိသွားပါတယ်။
လတ်တလောမှာ နီပေါအစိုးရက ခတ္တမန္ဒုမြို့ အစိတ်အပိုင်းအချို့မှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့သည့် သီတင်းပါတ်ကဖေ့စ်ဘုခ်အပါအဝင် ဆိုရှယ်မီဒီယာပလက်ဖောင်း ၂၆ခုကို နီပေါအစိုးရက ပိတ်ပင်လိုက်တာဟာ ဆန္ဒပြတဲ့သူတွေကိုအဓိက မီးထိုးပေးလိုက်သလိုဖြစ်သွားပါတယ်။
သတင်းအတုတွေ၊ အမုန်းစကားပွားတာတွေနဲ့ အွန်လိုင်းကလိမ်လည်မှုတွေကိုကိုင်တွယ်ဖြေရှင်းဖို့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကိုထိန်းကျောင်းဖို့ လိုအပ်ကြောင်း နီပေါအစိုးရဘက်က အကြောင်းပြပါတယ်။

ဆိုရှယ်မီဒီယာပိတ်ပင်မှုဟာ ဆန္ဒပြပွဲဖြစ်ပေါ်လာဖို့ လတ်တလောအကြောင်းပြချက်တခုဖြစ်ပေမယ့် အဓိကအကြောင်းပြချက်က နီပေါအစိုးရကအကျင့် ပျက်ခြစားမှုတွေကို မပိတ်ပင်၊ မတားဆီးနိုင်တဲ့အချက်ကသာအဓိကဖြစ်တယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။
ခရက်ဒစ်- အယ်လ်ဂျားဇီးယား







Comments