ရွေးကော်အဖွဲ့ဝင်တွေပစ်ခတ်ခံရပြီး မြို့နယ်ရဲမှူး၊ ဒုရဲအုပ်နဲ့ကော်မရှင်အရာရှိအပါအဝင် သေဆုံးသူများပြား
- BVJ

- 6 days ago
- 1 min read
မိုနာ/BVJ_ဇန်နဝါရီ ၇၊ ၂၀၂၆

နေပြည်တော်ကနေ မကွေးတိုင်းအတွင်းက ရွေးကောက်ပွဲကျင်းပမယ့်မြို့နယ်တွေကိုစစ်ဆေးဖို့လာတဲ့ရွေးကောက်ပွဲအဖွဲ့ဝင်တွေကို ပြောက်ကျားပစ်ခတ်ခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာန(နေပြည်တော်PDF)က ဒီနေ့မနက်ပိုင်းမှာ အသိပေးလာပါတယ်။
မကွေးတိုင်း၊ မြို့သစ်မြို့နယ် ရွှေပန်းကျေးရွာနားက ကန်ပြားလမ်းပိုင်းတနေရာမှာ မနေ့က ဇန်နဝါရီ ၆ရက်နေ့လယ်တစ်နာရီအချိန်မှာ ရွေးကောက်ပွဲအတွက်စစ်ဆေးဖို့လာတဲ့စစ်အုပ်စုအဖွဲ့ဝင်တွေပါတဲ့ ကားတန်းကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပနိုင်ရေးအတွက် မကွေးတိုင်းတွင်းရှိ မြို့နယ်(၁၁)မြို့နယ်ကို နယ်လှည့်စစ်ဆေးဖို့ နေပြည်တော်ကစေလွှတ်လိုက်တာကိုသိရှိထားတဲ့အတွက် စောင့်ကြိုပစ်ခတ်ခဲ့တာဖြစ်တယ်လို့ နေပြည်တော်PDFကပြောထားပါတယ်။
နေပြည်တော်PDFတာဝန်ရှိသူတစ်ဦးက စစ်အုပ်စုဘက်ကသေဆုံးသူတွေဟာ“မြို့နယ်ရဲမှူး ထွန်းလင်းအောင်၊ ကော်မရှင်အရာရှိတစ်ယောက်၊ တပ်ကြပ်ငါးယောက်၊ ဒုရဲအုပ်တစ်ယောက် ပေါင်းရှစ်ယောက်ပါ”လို့ Burma VJကိုပြောပါတယ်။

ကားလေးစီးမှာ ရွေးကောက်ပွဲကော်မရှင်ဗဟိုအဆင့်နဲ့တိုင်းအဆင့်တွေလိုက်ပါလာပြီး ကန်ပြား လမ်းပိုင်းအတွက် မြို့သစ်မြို့နယ်ရဲတပ်ဖွဲ့ကလုံခြုံရေးယူပေးကြောင်းသိရှိထားတာကြောင့် ပစ်ခတ်မှုအတွင်းမှာ ကားသုံးစီးမှောက်ခဲ့ပြီး တစ်စီးကလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုအတွင်းမှာ မြို့သစ်မြို့နယ် ရဲမှူးနဲ့စခန်းမှူးအပါအဝင် (၈)ဦးသေဆုံးသွားခဲ့ပြီး G3 သေနတ် (၂)လက်နဲ့ကျည် (၁၆၁) တောင့်၊ ကျည်ဘောက် (၃)ခု သိမ်းဆည်းရမိခဲ့တယ်လို့ နေပြည်တော်PDFထုတ်ပြန်ချက်အရ သိရပါတယ်။
အခုတိုက်ခိုက်မှုစစ်ဆင်ရေးအတွက် အချိန်ယူပြင်ဆင်ခဲ့ရသလို နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် (၁၇)၊ တပ်ရင်းအမှတ် (၉၀၃)တို့ကဆောင်ရွက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုရဲ့အတုအယောင် ရွေးကောက်ပွဲပြုလုပ်တဲ့နေရာ ပေါင်းစုံ၊ ဘက်ပေါင်းစုံကိုဟန့်တားပိတ်ပင်သွားမယ်လို့လည်း နေပြည်တော်PDFက ပြောထားပါတယ်။







Comments