top of page

တိုက်ပွဲအတွင်းဦးခေါင်းကျည်ထိပြီး နေပြည်တော်တပ်ရင်းကရဲဘော်လျှပ်စီး ကျဆုံး

  • Writer: BVJ
    BVJ
  • 17 hours ago
  • 1 min read

မိုနာ/BVJ_ အောက်တိုဘာ ၂၉၊ ၂၀၂၅

ကျဆုံးရဲဘော်လျှပ်စီး(ခ)နေဝင်းထွန်း(ဓါတ်ပုံ-တပ်ရင်း ၉၀၁)
ကျဆုံးရဲဘော်လျှပ်စီး(ခ)နေဝင်းထွန်း(ဓါတ်ပုံ-တပ်ရင်း ၉၀၁)

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ကမ်းရှိ ရေလွှဲကျေးရွာနဲ့ပိန္ဒဲပင်ကျေးရွာ တိုက်ပွဲအတွင်းမှာ ရဲဘော်လျှပ်စီး(ခ)နေဝင်းထွန်းကျဆုံးသွားတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း ၉၀၁က သိရပါတယ်။


အသက် ၂၁နှစ်အရွယ် ရဲဘော်လျှပ်စီးကျဆုံးခဲ့ပုံကို တပ်ရင်း ၉၀၁(စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့-NPT) တာဝန်ရှိသူတစ်ဦးက Burma VJကိုပြောပါတယ်။


“၂၇ရက်နေ့မနက်၊ ရေတာရှည်မြို့နယ် ပိန္နဲပင် ရေလွှဲတကြောထိတွေ့တိုက်ပွဲမှာ ကျသွားတာပါ။ ရန်သူ့ကျည်ဦးခေါင်းထိပြီးကျဆုံးသွားတာ။ ရုပ်အလောင်းပြန်ရပါတယ်။ ရဲဘော်ရုပ်အလောင်းသဂြိုလ်ပြီးပါပြီ”

ရဲဘော်လျှပ်စီး(ခ)နေဝင်းထွန်း တိုင်းပြည်နဲ့ပြည်သူလူထုအတွက် ပေးဆပ်အနစ်နာခံမှုကို ပြည်သူလူထုနဲ့အတူကျန်ရစ်တဲ့ တပ်ရင်း(၉၀၁)ရဲဘော်တွေအားလုံးက လေးစားဂုဏ်ယူရင်း မပြီးဆုံးသေးတဲ့ အကြမ်းဖက်စစ်တပ်အမြစ်ပြတ်ရေးတိုက်ပွဲကိုအားသွန်ခွန်စိုက် တိုက်ပွဲဝင်သွားမယ်လို့လည်း တပ်ရင်းက ဒီနေ့မနက်မှာထုတ်ပြန်ထားပါတယ်။


တပ်ရင်း ၉၀၁ဟာ နေပြည်တော်အနီးစစ်တောင်းမြစ်ဝှမ်းဒေသမှာ စစ်ရေးလှုပ်ရှားစိုးမိုးတာဖြစ်ပြီး နေပြည်တော်တိုင်းစစ်ဌာန တိုင်းစစ်ဆင်ရေးအရာရှိ၊ဗျူဟာအမှတ်(၁၉)ရဲ့ လက်အောက်ခံတပ်ရင်းတခု ဖြစ်ပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page