top of page

နောင်ချိုကိုဆုံးရှုံးခဲ့ရတာမဟုတ်ဘဲ ခေတ္တစွန့်ခွာခဲ့ခြင်းသာဖြစ်ဟု စစ်ကောင်စီဒုခေါင်းဆောင် ပြော

  • Writer: BVJ
    BVJ
  • Jul 22
  • 1 min read

BVJ/ယူဂရင်း_ ဇူလိုင် ၂၂၊ ၂၀၂၅

ree

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို အရင်ကလက်လွှတ်ခဲ့ရတာမဟုတ်ဘဲ ခေတ္တဆုတ်ခွာပြီး ခွာစစ်ဆင်ခဲ့ခြင်းသာဖြစ်တယ်လို့ စစ်ကောင်စီဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နောင်ချိုဒေသခံတွေနဲ့ တွေ့ဆုံချိန် မနေ့ကဇူလိုင် ၂၁ရက်မှာပြောပါတယ်။

 

နောင်ချိုကို အရင်က တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLAနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဆီမှာ စစ်ကောင်စီကစစ်ရှုံးပြီး ၁၀၂၇ဒုတိယပိုင်းအတွင်း ၂၀၂၄ခုနှစ် ဇူလိုင်လမှာ လက်လွှတ်ဆုံးရှုံးခဲ့ရတာဖြစ်ပေမယ့် ဒုစစ်ခေါင်းဆောင်က အခုလို ထုတ်ပြောလာတာပါ။

 

ဒုစစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်ထဲမှာ “နောင်ချိုမြို့ကို တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြောင်းကြောင်းကြောင့် ခေတ္တစွန့်ခွာခဲ့ရကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များတွင် နောက်ကွယ်မှ အဆင့်မြင့်နည်းပညာများဖြင့် ကူညီပေးမှုများ၊ အားပေးအားမြှောက်မှုများနှင့် ထောက်ပံ့ပေးမှုများကြောင့် နောင်ချိုဒေသတစ်ဝိုက်မှ အဆင့်ဆင့် တောင်ခမ်းဒေသနှင့် ပြင်ဦးလွင်-နောင်ချိုမြို့နယ် နယ်နိမိတ်အစပ်အထိ ခွာစစ်ဆင်ခဲ့ရပါကြောင်း”ဆိုပြီး ပြောပါတယ်။

 

ree

နောင်ချိုကိုလက်လွှတ်ခဲ့ရတဲ့စစ်ကောင်စီဟာ စစ်ကြောင်းသုံးကြောင်းနဲ့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေအပါအဝင် နေ့စဉ်နီးပါးလေကြောင်းဗုံးကြဲခဲ့သလို အပြင်းအထန်ထိုးစစ်ဆင်ပြီး အခုတစ်နှစ်အကြာ ဇူလိုင်လ၁၆ရက်မှာ TNLAဆီကနေ နောင်ချိုကိုပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။

 

အဲ့ဒီလိုသိမ်းယူပြီးနောက် နောင်ချိုမြို့ကိုဒုစစ်ခေါင်းဆောင် ခရီးစဉ်သွားခဲ့ပြီး နောင်ချိုမှာစစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားတွေ ပြန်လည်ပတ်နေပြီးဖြစ်ကြောင်း စစ်ကောင်စီထိန်းချုပ်သတင်းစာတွေမှာ ဖော်ပြလာကြတာ ဖြစ်ပါတယ်။

 

စစ်ကောင်စီဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကတော့ “တောင်ခမ်းတပ်နယ်၌ ပြင်ဆင်စုဖွဲ့မှုများပြုလုပ်ပြီး အောင်ဇေယျစစ်ဆင်ရေးဖြင့် အကြမ်းဖက်ချေမှုန်း မှုစစ်ဆင်ရေး (Counter- Terrorism Opera-tion) ကို  ရင်ကိုမြေကတုတ်ဖြင့် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏ဟု မနက်/ညနေတိုင်း သစ္စာ(၄)ချက်ရွတ်ဆိုကြသူများပီပီ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ဆောင်ရွက်ခဲ့၍လည်း ယခုကဲ့သို့ နောင်ချိုမြို့အား ပြန်လည်ထိန်းချုပ်ကာ အောင်ပွဲဆင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း” ပြောဆိုပါတယ်။

 

ree

ဒါ့အပြင် ဒီဇင်ဘာမှာပြုလုပ်မယ့်စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေမဲပေးကြဖို့ကိုလည်း ဒုစစ်ခေါင်းဆောင်က စည်းရုံးနေပါသေးတယ်။


ဓါတ်ပုံ-CINCDS

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page