အင်းစိန်ထောင်ကပြန်လွတ်လာတဲ့ ဆရာတော်ဦးပညာဇောတကို ဘတ်ဖဲလိုးမြို့ခံတွေက ကြိုဆို
- BVJ

- Nov 3
- 1 min read
အီးကေ/BVJ_ နိုဝင်ဘာ ၁၊ ၂၀၂၅

အောက်တိုဘာ ၃၀ရက်နေ့မှာ ရန်ကုန်၊ အင်းစိန်ထောင်ကပြန်လွတ်လာတဲ့ ဆရာတော်ဦးပညာဇောကို အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၊ဘတ်ဖဲလိုးမြို့ မြို့ခံတွေက လေဆိပ်မှာကြိုဆိုကြပါတယ်။
၂၀၂၄ခုနှစ် နိုဝင်ဘာ၁၃ရက်နေ့မှာ ရန်ကုန်မြို့မှာဖမ်းဆီးခံခဲ့ရတဲ့ ဆရာတော်ဦးပညာဇောတကို အာဏာသိမ်းစစ်အုပ်စုက ပုဒ်မ၃ခုနဲ့ ထောင်၁၅နှစ်ချခဲ့ပြီးနောက် အမေရိကန်နိုင်ငံသားဖြစ်တဲ့အတွက် ၂၀၂၅ခုနှစ် အောက်တိုဘာ ၃၀ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဆရာတော်ကို အာဏာသိမ်းစစ်အုပ်စုက နေ့ချင်းပြည်နှင်ဒဏ်ပေးခဲ့တာကြောင့် ရန်ကုန်ကနေဘန်ကောက်၊ ဘန်ကောက်ကနေ ဒူဘိုင်း၊ ဒူဘိုင်းကနေ အမေရိကန်နိုင်ငံ၊ဘတ်ဖဲလိုးမြို့ကို အောက်တိုဘာ၃၁ရက် ညပိုင်းမှာပြန်ရောက်လာပါတယ်။

ဦးပညာဇောတ(ခ) ဆရာတော်နတ်ဇောဟာ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ဆရာတော်တွေထဲမှာ ပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်တပါးဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့က မေတ္တာပါရမီကျောင်းရဲ့ကျောင်းထိုင်ဆရာတော် ဖြစ်ပါတယ်။
ဓာတ်ပုံခရက်ဒစ်- Aung Moe







Comments