top of page

နွားထိုးကြီးတိုက်ပွဲပြင်းထန်ပြီး စစ်အုပ်စုဘက်က ၂၀ ကျော်သေဆုံး

  • Writer: BVJ
    BVJ
  • 2 hours ago
  • 1 min read

ယူဂရင်း/BVJ_ဧပြီ ၂၉၊ ၂၀၂၆

မန္တလေးတိုင်း၊မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုနဲ့တော်လှန်ရေးတပ်ဖွဲ့တွေ အခုလ ဧပြီ ၂၄နဲ့ ၂၆ရက်တို့မှာတိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က အယောက် ၂၀ခန့်သေဆုံးခဲ့တယ်လို့ တိုက်ခိုက်ခဲ့တဲ့တပ်ဖွဲ့တွေက ဒီနေ့ ဧပြီ ၂၉ရက်မှာထုတ်ပြန်ပါတယ်။

 

ဧပြီ ၂၄ရက်မှာ မနက်၆:၃၀အချိန်ခန့်မှာ နွားထိုးကြီးမြို့နယ် ၊ ခံစပ်ကုန်း(န)ရွာကနေ အင်အား (၃၀၀)ကျော်ပါစစ်အုပ်စုစစ်ကြောင်းဟာ စစ်ကြောင်းနှစ်ကြောင်းခွဲကာ နွားထိုးကြီးမြို့နယ် ၊ ခံစပ်ကုန်း (ရ)ရွာဘက်ကို ဦးတည်စစ်ကြောင်းထိုးလာတာကြောင့် ထိတွေ့တိုက်ပွဲတနေကုန်နီးပါးဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာ ရန်သူ့ဘက်က ၅ ဦး သေဆုံးတာကိုမျက်မြင်တွေ့ခဲ့ရတယ်လို့ တိုက်ခိုက်ခဲ့တဲ့ နွားထိုးကြီးPDF-မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်းကဖော်ပြပါတယ်။

 

အဲ့ဒီတိုက်ပွဲအတွင်းမှာ ရန်သူ့ဘက်က ဒရုန်း၊လက်နက်ကြီးပစ်ကူတွေ အလွန်အကျွံအသုံးပြုခဲ့တယ်လို့လည်း ဆိုထားပါတယ်။

 

၂၆ရက်နေ့ မနက် ၈နာရီအချိန်မှာတော့ နွားထိုးကြီးမြို့နယ် ၊ ခံစပ်ကုန်းရွာ (တောင်ရှေ့ကန်)နေရာကနေထွက်လာတဲ့ အင်အား (၃၀၀)ကျော်ပါစစ်ကြောင်းဟာ စစ်ကြောင်းသုံးကြောင်းဖြန့်ပြီး နွားထိုးကြီးမြို့နယ် ၊ ညောင်ဇင်ရွာနဲ့ကဒေါင်းရွာတို့ကို ဦးတည်စစ်ကြောင်းထိုးလာတာကြောင့် မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ်(၁၀)တပ်ရင်းနဲ့ ပူးပေါင်းအဖွဲ့တွေဖြစ်တဲ့ မြင်းခြံခရိုင်အထူးလှုပ်ရှားစစ်ကြောင်း၊ မန္တလေးခရိုင် အမှတ်(၃)တပ်ရင်း ၊ MGN - 35 ၊ ပြည်သူ့ကြယ်တစ်ပွင့်တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

 

အဲ့ဒီတိုက်ပွဲဖြစ်တဲ့ ညောင်ဇင်ရွာနားမှာ စစ်အုပ်စုဘက်က ၁၀ ဦးခန့်သေဆုံးတာကို မျက်မြင်တွေ့ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာအများအပြားရရှိခဲ့ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရှိတဲ့နေရာကို စစ်အုပ်စုဘက်က ဒရုန်း ဗုံးသီးချတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ကူပေးတာတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်းကပြောထားပါတယ်။

 

အဲ့ဒီတိုက်ပွဲအတွင်း စစ်အုပ်စုဟာ နွားထိုးကြီးမြို့နယ် ၊ ညောင်ဇင်ရွာကိုဝင်ပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်ခဲ့ကြောင်းနဲ့ စစ်အုပ်စုရဲ့ ဒရုန်းကား (၂)စီး ၊ ရိက္ခာကား (၁)စီးတို့ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် ဒရုန်းကား (၁)စီး ၊ရိက္ခာကား (၁)စီး မီးလောင်ပျက်ဆီးသွားပြီး ကျန်ဒရုန်းကား (၁)စီးလည်း ဒရုန်းဗုံးစထိမှန်ခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ကဒေါင်းရွာနားဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းမှာလည်း စစ်အုပ်စုဘက်က ၁၀ ယောက်သေဆုံးတာကို မျက်မြင်တွေ့ခဲ့တာကြောင်းနဲ့ တိုက်ပွဲဟာနေ့လယ် ၁၂နာရီမှာပြီးဆုံးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဒါကြောင် ထိတွေ့ညောင်ဇင်ရွာနဲ့ကဒေါင်းရွာတိုက်ပွဲနှစ်နေရာအတွင်း စစ်အုပ်စုဘက်က အယောက်၂၀ သေဆုံးခဲ့ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရသူများပြားခဲ့တယ်လို့ဆိုပါတယ်။


 

”ထိခိုက်ဒဏ်ရာရှိသော တပ်သားများအား နွားထိုးကြီးမြို့နယ် ၊ ကဒေါင်းရွာနေရာသို့ခေါ်ဆောင်သွားပြီး ထိုရွာအရောက်တွင် ထပ်မံသေဆုံးမှု့များလည်းရှိခဲ့ကာ စစ်ကော်မရှင်စစ်ကြောင်းသည် နွားထိုးကြီးမြို့သို့ ဦးတည်ထွက်ခွာစဥ် ထက်မံသေဆုံး အလောင်းများအား နွားလှည်း ၊ ဆိုင်ကယ်တို့ဖြင့် သယ်ဆောင်သွားသည်။ တိုက်ပွဲဖြစ်ပွားစဥ် ကာလအတွင်း ရန်သူ့ထံမှ ရန်သူ့အလောင်း (၁)လောင်း ၊ ခဲယမ်းအချို့ ၊ ပြန်လည်အသုံးပြုနိုင်သော ကား (၁)စီး နှင့် ရန်သူ့ ဒရုန်းကား (၁)စီး ၊ ရိက္ခာကား (၁)စီးတို့အား မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်”လို့ မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်းကပြောထားပါတယ်။

 

အခုတိုက်ခိုက်ခဲ့တဲ့ စစ်အုပ်စုစစ်ကြောင်းဟာ မြင်းခြံမြို့နယ်အတွင်းရှိ ပျားရွာ၊ ထိန်ပန်းရွာ၊ ရွာသစ်ရွာ၊ ကျီးပင်ကန်ရွာ၊ တူရွင်းဘို့ရွာ၊ ပျိုးကန်ရွာ၊ ဆိတ်ကုန်းရွာ၊ ဒူလဘိုရွာ၊ နွားကူးအိုင်ရွာ၊ ဖက်ပင်အိုင်ရွာ၊ ရွှေဘုံသာရွာ၊ ရဲတိုင်ရွာ၊ မြို့ကြီးကုန်းရွာ၊အိုင့်မရွာ၊ ဖက်ရင်းရွာ၊ ကျောင်းဖြူကန်ရွာ တို့ကိုစစ်ကြောင်းထိုးပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းဥစ္စာတွေခိုးယူခြင်း၊ ပြည်သူ့‌နေအိမ်တွေမီးရှို့ဖျက်ဆီးခြင်းတွေကိုလုပ်ဆောင်ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page