top of page

နန့်ဆန်လေကြောင်းဗုံးကြဲခံရပြီး ဆယ်နှစ်ကလေးတစ်ဦးအပါအဝင် ၆ ဦးသေဆုံး

  • Writer: BVJ
    BVJ
  • Oct 20
  • 1 min read

BVJ/ဇော် - အောက်တိုဘာ ၁၉၊ ၂၀၂၅

ree

တအာင်းပြည်၊ တပ်မဟာ (၉) နယ်မြေ၊ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် (၁) ဦးအပါအဝင် (၆) ဦးသေဆုံးပြီး (၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော်-TNLA ဒီနေ့ အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ထားပါတယ်။


မနေ့ အောက်တိုဘာ ၁၈ရက်နေ့ ည ရှစ်နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို ပေါင် (၂၅၀)ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုဟာ ပြည်သူတွေရှိတဲ့နေရာကို ရည်ရွယ်ချက်ရှိရှိဦးတည်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


တိုက်ခိုက်မှုကြောင့် အသက် (၁၀)နှစ်အရွယ် လွေးနီလာအောင်၊ အသက် (၂၁)နှစ်အရွယ်ရှိ လွေးရီရီလှိုင်၊ အသက် (၂၁) နှစ်အရွယ်ရှိ လွေးဆန်းဆန်းဦး၊ အသက် (၃၅) နှစ်အရွယ်ရှိ ဒေါ်အေးသောင်း၊ အသက် (၄၇) နှစ်အရွယ်ရှိ ဒေါ်အေးဟိန်းနဲ့ အသက် (၄၂) နှစ်အရွယ်ရှိ ဦးသန်းကျော်တို့ နေရာမှာတင်သေဆုံးခဲ့တဲ့အပြင် အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂၅)လုံး၊ ဆိုင်ကယ် (၄) စီးတို့လည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ree

ဒါ့အပြင် စစ်ကောင်စီတပ်က ကျောက်မဲမြို့နယ်၊ (၁၁) မိုင်ကျေးရွာကိုလည်း ပေါင် (၅၀၀) ဗုံးတစ်လုံး ကြဲချခဲ့တာကြောင့် သံဃာတော် နှစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း တစ်ကျောင်းနဲ့ ကျောင်းဆောင် တစ်ဆောင်လည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။


အခုလ အောက်တိုဘာ (၁) ရက်နေ့ကနေ (၁၇) ရက်နေ့အထိ စစ်ကောင်စီတပ်က မန်တုံမြို့မှာ (၁) ကြိမ်၊ ကျောက်မဲမြို့မှာ (၃)ကြိမ်၊ သီပေါမြို့မှာ (၅)ကြိမ်၊ မိုင်းငေါ့မြို့မှာ (၁)ကြိမ်၊ မိုင်းလုံမြို့မှာ (၄)ကြိမ်၊ နမ့်ဆန်မြို့မှာ (၄)ကြိမ်၊ နမ္မတူမြို့ (၅)ကြိမ်၊ မိုးမိတ်မြို့ (၃)ကြိမ်နဲ့ မိုးကုတ်မြို့ (၁)ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေး (၇) ဦး၊ အမျိုးသား (၁၁) ဦးနဲ့ အမျိုးသမီး (၁၄) ဦးတို့သေဆုံးခဲ့တဲ့အပြင် ကလေးငယ် (၁၁)ဦးအပါအဝင် (၄၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁၁၃) လုံး၊ စာသင်ကျောင်း (၃) ကျောင်း၊ ဘုန်းကြီးကျောင်း (၂) ကျောင်း၊ ကျောင်းဆောင် (၆)ဆောင်နဲ့ အဆောက်အဦး (၄) ခု ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page