ယာယီသမ္မတဦးမြင့်ဆွေသေဆုံးသွားတဲ့အပေါ် ဒေါ်စောမြရာဇာလင်းဦးဆောင်တဲ့ ALPပါတီ ကြေကွဲ
- BVJ

- Aug 8
- 1 min read
BVJ/ဂျိုး_ဩဂုတ် ၈၊ ၂၀၂၅

စစ်ကောင်စီကခန့်အပ်ထားတဲ့ ယာယီသမ္မတ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေသေဆုံးသွားတဲ့အပေါ် မိသားစုနဲ့ထပ်တူဝမ်းနည်းကြေကွဲရကြောင်းနဲ့ ကောင်းရာသုဂတိလားဖို့ဆုတောင်းကြောင်းကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) က သဝဏ်လွှာပေးပို့တယ်လို့ ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဟာ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တခုလည်းဖြစ်ပြီး လက်ရှိမှာလည်း စစ်ကောင်စီနဲ့အတူ လှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပါတယ်။
ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်ခြင်းအတွက် "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)ကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာဖော်ပြထားပါသေးတယ်။ UWSPကတော့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)မှာ လက်မှတ်မထိုးထားတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။
ယာယီသမ္မတဦးမြင့်ဆွေဟာ မနေ့က အခုက ၇ရက် မနက် ၈နာရီခွဲဝန်းကျင်မှာ နေပြည်တော် ကုတင်တစ်ထောင်စစ်ဆေးရုံမှာ သေဆုံးသွားတာဖြစ်ပြီး Parkinson's Disease အာရုံကြောအားနည်းတဲ့ ရောဂါခံစားနေရတဲ့ ဦးမြင့်ဆွေဟာ ၂ နှစ်နီးပါးကြာဝေဒနာခံစားရပြီး သေဆုံးသွားတာပါ။
ဦးမြင့်ဆွေအတွက် နိုင်ငံတော်အဆင့်စျာပနအခမ်းအနားနဲ့ပြုလုပ်မှာဖြစ်ပြီး လာမယ့် သြဂုတ် ၁၁ မှာ နေပြည်တာ်မှာရှိတဲ့စစ်သင်္ချိုင်းကို ပိုဆောင်မီးသင်္ဂြိုဟ်မယ်လို့ စစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်။







Comments