top of page

ပျူခေါင်းဆောင်ဒေါ်သီတာယုမွန်ရဲ့ အမျိုးသားကို PDFတွေဖမ်းမိထား

  • Writer: shwe yee
    shwe yee
  • Jan 15
  • 1 min read

ယူဂရင်း/BVJ_ဇန်နဝါရီ ၁၅၊ ၂၀၂၆

ဦးစိန်လွင်ကို ၂၀၂၅၊ဇန်နဝါရီ ၁၄ရက်ကဖမ်းမိကြောင်း ဖော်ပြထားပုံ။
ဦးစိန်လွင်ကို ၂၀၂၅၊ဇန်နဝါရီ ၁၄ရက်ကဖမ်းမိကြောင်း ဖော်ပြထားပုံ။

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်အတွင်းက စစ်အုပ်စုရဲ့လက်ပါးစေ ပျူစောထီးတွေရဲ့ခေါင်းဆောင်ဖြစ်သူ ဒေါ်သီတာယုမွန်ရဲ့ အမျိုးသားဦးစိန်လွင်ကို မူးယစ်ဆေးဝါးတွေနဲ့အတူ PDFတွေကဖမ်းမိထားတယ်လို့ သက်ဆိုင်ရာတပ်ဖွဲ့တွေက သိရပါတယ်။


မနေ့က ဇန်နဝါရီလ ၁၄ရက်မှာ မြင်းခြံ-ပုဂံညောင်ဦးလမ်းပိုင်းမှာ ဦးစိန်လွင်ကို မူးယစ်ဆေးဝါးတွေနဲ့အတူ မြင်းခြံခရိုင်_အမှတ်(၃)တပ်ရင်း(တောင်သာ)_ တပ်ခွဲ (၂) ရဲဘော်တွေက ဖမ်းမိခဲ့တာဖြစ်တယ်လို့လည်း ဒီနေ့မနက်မှာသတင်းထုတ်ပြန်ကြပါတယ်။

မြင်းခြံပျူခေါင်းဆောင် ဒေါ်သီတာယုမွန်နဲ့အဖွဲ့။(ပုံဟောင်း)
မြင်းခြံပျူခေါင်းဆောင် ဒေါ်သီတာယုမွန်နဲ့အဖွဲ့။(ပုံဟောင်း)

ဦးစိန်လွင်ဟာ ကိုယ်ပိုင်နံပါတ်-လပခ(ပသခ)/...နဲ့ ပြည်သူ့စစ်ဒုတိယခေါင်းဆောင်ဖြစ်ပြီး ဦးစိန်လွင်နဲ့အတူသိမ်းမိတဲ့ မူးယစ်ဆေးဝါးပုံတွေကိုပါ ဖော်ပြထားပါတယ်။



 
 
 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page