top of page

မြင်းခြံမှာ ၁၁ရက်ကြာတိုက်ပွဲဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်နယ်မြေတွေ လက်လွှတ်လိုက်ရ

  • Writer: BVJ
    BVJ
  • Aug 15
  • 1 min read
  • တိုက်ပွဲအတွင်းစစ်အုပ်စုဘက်က ၇၀ ကျော်နဲ့ MBTတပ်ဖွဲ့က ရဲဘော် ငါးဦးကျဆုံး


မိုနာ/BVJ_ သြဂုတ် ၁၂၊ ၂၀၂၅

ဓါတ်ပုံ - MBTတပ်ဖွဲ့
ဓါတ်ပုံ - MBTတပ်ဖွဲ့

မန္တ‌‌လေးတိုင်း၊ မြင်းခြံခရိုင်အတွင်းမှာ အင်အားတစ်ထောင်ခန့်နဲ့ စစ်အုပ်စုစစ်ကြောင်းထိုးလာတာကြောင့် ဒေသကာကွယ်ရေးတပ်တွေနဲ့ ၁၁ရက်ကြာတိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့လ ဇူလိုင် ၃၁ရက်ကနေ အခုလ၁၀ရက်အထိ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီအတွင်းမှာ သြဂုတ် ၁ရက်နဲ့ ၂ရက်နေ့တို့မှာ ရန်သူစစ်ကောင်စီတပ်အား စုဖွဲ့မှုပြိုကွဲပြီး တပ်လန့်ထွက်ပြေးတဲ့အထိ တိုက်ထုတ်နိုင်ခဲ့ပေမယ့် စစ်ကောင်စီဘက်က အင်အားဖြည့်၊ လေကြောင်းပစ်ကူတို့လုပ်လာခဲ့တဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ခဲယမ်းပြတ်တောက်သွားတာကြောင့် ၁၀ရက်နေ့အထိသာ တောင်ခံနိုင်ခဲ့တယ်လို့ Myingyan Black Tiger (MBT)တပ်က ဒီနေ့မှာထုတ်ပြန်ပါတယ်။


ဒါကြောင့် အခုလ ၁၀ရက်နေ့မှာ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို လက်လွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

“အရင်တုန်းကထိန်းချုပ်ထားတဲ့နယ်မြေတွေပါ။ လောလောဆယ် MBTတပ်ရဲ့စခန်းလေးခုပေါ့နော်။ မြင်းခြံရဲ့တောင်ဘက်ခြမ်းရယ်၊ ရှေ့ဘက်ခြမ်းရယ်ပါ”လို့ လက်လွှတ်လိုက်ရတဲ့နယ်မြေတွေနဲ့ပတ်သက်ပြီး MBTတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက Burma VJကို ပြောပါတယ်။


အဲ့ဒီ ၁၁ရက်ကြာတိုက်ပွဲအတွင်းမှာ စစ်အုပ်စုဘက်က အယောက် ၇၀ကျော်သေဆုံးခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာပြင်းထန်ရရှိသူ ၁၇၀ကျော်ရှိကြောင်းနဲ့ ခဲယမ်းအချို့ကိုရရှိခဲ့တယ်လို့ MBTတပ်ဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


စစ်အုပ်စုဘက်ကဒီသေဆုံးမှုတွေကို မျက်မြင်တွေနဲ့ မြို့နယ်ပြည်သူ့ဆေးရုံမှာ စစ်အုပ်စုဘက်ကတက်ရောက်ကုသမှုတွေအရ အတည်ပြုခဲ့နိုင်တယ်လို့ ဗိုလ်မိုက်ခဲကပြောပါတယ်။

ဓါတ်ပုံ- စစ်အုပ်စုဖော်ပြထားသောဓါတ်ပုံ။
ဓါတ်ပုံ- စစ်အုပ်စုဖော်ပြထားသောဓါတ်ပုံ။

တိုက်ပွဲအတွင်းမှာ Myingyan Black Tiger (MBT)တပ်ဖွဲ့ အထူးကွန်မန်ဒိုစစ်ကြောင်းက ရဲဘော်ဇော်ကြီး (တပ်စိပ်မူး)၊ ရဲဘော်ဝန (ဒု- တပ်စိပ်မူး)၊ ရဲဘော်ကျွဲကြီး၊ ရဲဘော် Black Sharနဲ့ MBTစစ်ကြောင်း-၅က ရဲဘော်ကိုဖက်တို့လည်း ကျဆုံးခဲ့ပြီး ကျဆုံးရဲဘော်လေးဦးရဲ့ ရုပ်အလောင်းကိုသာ ပြန်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။


မြင်းခြံတိုက်ပွဲကြောင့် လက်ရှိမှာဒေသခံ တစ်သောင်းတသောင်းကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေရပြီး ဒီနေ့အထိတိုက်ပွဲဖြစ်နေဆဲလို့လည်း သိရပါတယ်။


အခုတိုက်ပွဲကို Myingyan Black Tiger (MBT)၊ မြင်းခြံခရိုင် တပ်ရင်း ၁ ၊ တပ်ရင်း ၂ ၊ တပ်ရင်း ၇ ၊ တပ်ရင်း ၈ ၊ ဗိုလ်စားပြောက်တပ်ဖွဲ့၊ ဝံပုလွေတပ်ဖွဲ့ ၊ မြင်းခြံခရိုင်ပကဖ ၊တောင်သာမြို့ နယ် ပကဖနဲ့ အခြားမဟာတပ်ဖွဲ့တွေပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ထိခိုက်ကျဆုံးမှုအချို့ ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။


မြင်းခြံနဲ့ပတ်သက်ပြီး စစ်အုပ်စုဘက်တော့ ဒေါ်သီတာယုမွန်ပြည်သူ့စစ်အဖွဲ့နဲ့ မြင်းခြံ-နွားထိုးကြီး နယ်မြေရှင်းလင်းရာကနေ PDFသေဆုံး၊ လက်နက်နဲ့ စခန်းတွေရရှိခဲ့ကြောင်းဖော်ပြထားကြပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page