top of page

မြင်းခြံ ခမရ(၁၅)အနီးက စစ်အုပ်စုပူးပေါင်းဂိတ်ကို တော်လှန်ရေးတပ်တွေဝင်တိုက်

  • Writer: BVJ
    BVJ
  • 3 hours ago
  • 1 min read

BVJ/ဂျိုး_နိုဝင်ဘာ ၅၊ ၂၀၂၅

စစ်အုပ်စုပူးပေါင်းဂိတ်ကိုဝင်တိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ။(ဓာတ်ပုံ- Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြင်းခြံ)
စစ်အုပ်စုပူးပေါင်းဂိတ်ကိုဝင်တိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ။(ဓာတ်ပုံ- Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြင်းခြံ)

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် စစ်အုပ်စုရဲ့ ခမရ(၁၅)တပ်ရင်းအနီး လယ်သစ်ကျေးရွာအတွင်းက စစ်အုပ်စုပူးပေါင်းဂိတ်ကို မနေ့က နိုဝင်ဘာ ၄ရက်နေ့လယ်ပိုင်းမှာ PDFပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုတပ်သားအတော်များများသေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြင်းခြံက ဒီနေ့မှာထုတ်ပြန်ထားပါတယ်။


အဲဒီစစ်အုပ်စုဂိတ်ကို မြင်းခြံခရိုင် တပ်ရင်း ၇ Zeroပြောက်ကျားတပ်ဖွဲ့ ၊ ရွှေကံသားစစ်ကြောင်း (မြင်းခြံမြို့နယ်၊ပကဖ၊ ရန်ကုန်အကြီးကောင် စစ်ကြောင်း ၁ - ရွှေကံသားစစ်ကြောင်း ၂ တို့ပူးပေါင်းပြီး စစ်သူကြီး(ဒေါင်းစစ်သည် -Zero Column 5 )က စစ်ကြောင်းမှူးအဖြစ်ဆောင်ရွက်ကာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။


နှစ်ဘက်တိုက်ပွဲ မိနစ် ၂၀ကျော်ကြာဖြစ်ပွားခဲ့ပြီး ဂိတ်ဘန်ကာအတွင်းပုန်းနေတဲ့ စစ်အုပ်စုတပ်သားတွေကို RPGနဲ့ပစ်ခတ်နိုင်ခဲ့သလို ရန်သူတွေရဲ့လက်နက်တွေကိုဝင်ကောက်ဖို့ကြိုးစားနေချိန်မှာပဲ စစ်အုပ်စုဘက်က စစ်ကူတက်လာတာကြောင့် နောက်ဆုတ်ခဲ့ရတယ်လို့ Zero ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြင်းခြံရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ဒါ့အပြင် သတင်းပေး-ဒလံ (၂)ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး သက်ဆိုင်ရာကိုအပ်နှံထားတယ်လို့လည်း သိရပါတယ်။


အလားတူ အဲဒီနေ့မနက်ပိုင်းမှာပဲ zero ပြောက်ကျားတပ်ဖွဲ့ ၊ တပ်ရင်း(၁)မြင်းခြံခရိုင်နဲ့ မြင်းခြံခရိုင်ပကဖတို့ပူးပေါင်းပြီးတော့ မြင်းခြံမြို့တောင်ဘက်မှာရှိတဲ့ စစ်အုပ်စုအထိုင်စခန်းတခုကို စီးနင်းတိုက်ခိုက်ခဲ့သေးတယ်လို့လည်း ဖော်ပြပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page