top of page

ကြံ့ဖွံ့အမတ်လောင်းရဲ့ဆိုင်းဘုတ်ဖျက်ဆီးမှုနဲ့ အသက်မပြည့်သေးအပါအဝင် ၇ ဦးကို စစ်အုပ်စုဖမ်းဆီး

  • Writer: BVJ
    BVJ
  • 13 hours ago
  • 1 min read

ယူဂရင်း/BVJ_နိုဝင်ဘာ ၅၊ ၂၀၂၅

မသန်စွမ်းသူတွေနဲ့ နေပြည်တော်၊ဇဗ္ဗူသီရိမြို့နယ်မှာ ၂၀၂၅၊ နိုဝင်ဘာ ၃ရက်မှာတွေ့ဆုံပြီး ကြံ့ခိုင်ရေးပါတီဥက္ကဌ မဲဆွယ်နေပုံ။
မသန်စွမ်းသူတွေနဲ့ နေပြည်တော်၊ဇဗ္ဗူသီရိမြို့နယ်မှာ ၂၀၂၅၊ နိုဝင်ဘာ ၃ရက်မှာတွေ့ဆုံပြီး ကြံ့ခိုင်ရေးပါတီဥက္ကဌ မဲဆွယ်နေပုံ။

ကရင်ပြည်နယ်၊ဘားအံမြို့ အမှတ်(၂)ရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးရှေ့လမ်းမှာ စိုက်ထူထားတဲ့ ကြံ့ခိုင်ရေးပါတီ-USDPကိုယ်စားလှယ်လောင်းဦးစောမြင့်ဦးရဲ့ ဓါတ်ပုံနဲ့စာသားပါဗီနိုင်းဆိုင်းဘုတ်ကိုဆုတ်ဖြဲတယ်ဆိုပြီး အသက် ၁၅နှစ်အရွယ် မောင်ဖြိုးမင်းသန့်နဲ့ ၃၁နှစ်အရွယ် ကိုထွန်းထွန်းဝင်းတို့ကို စစ်အုပ်စုက အခုလ ၂ရက်နေ့မှာဖမ်းဆီးလိုက်ပါတယ်။


ဖမ်းဆီးပြီးနောက် ပါတီစုံရွေးကောက်ပွဲများကိုနှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ပေးရေးဥပဒေ ပုဒ်မ၂၄(က)နဲ့အမှုဖွင့်ထားတယ်လို့ အာဏာသိမ်းစစ်တပ်က မနေ့ကညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။


ဦးစောမြင့်ဦးဟာ အာဏာသိမ်းစစ်အုပ်စုကခန့်အပ်ထားတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ်းလည်းဖြစ်ပါတယ်။


ဒါ့အပြင် အောက်တိုဘာ ၂၄ရက်မှာ ဧရာဝတီတိုင်း၊ဝါးခယ်မမြို့နယ် ထော်ကနွတ်ရွာကမြို့ဝင်ဂိတ်မှာ ကိုမျိုးမင်းဆွေ(ခ)မင်းမင်း (၄၇နှစ်)ရဲ့ ဖုန်းကိုစစ်ဆေးရာကနေ PDFအဖွဲ့ဝင်နဲ့ဆက်သွယ်ထားတဲ့ ရွေးကောက်ပွဲကိုဖျက်ဆီးဖို့စာကိုတွေ့ရှိတာကြောင့် ဝါးခယ်မမြို့မရဲစခန်းကနေ ပါတီစုံရွေးကောက်ပွဲများကိုနှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ပေးရေးဥပဒေ ပုဒ်မ၂၃(က)နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။


အောက်တိုဘာ ၃၁ရက်မှာလည်း ရန်ကုန်တိုင်း၊ ဒလမြို့နယ်မှာ ရခိုင်ချောင်(မြောက်)ကျေးရွာနေ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှစ်ဦးရဲ့ ကားရှေ့မှာ စက်ဘီးနဲ့ပိတ်ရပ်ပြီး ဆဲဆိုခြိမ်းခြောက်ထိုးကြိတ်ခဲ့တဲ့ ဦးကျော်သီဟန်(၄၆)နှစ်၊ ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်လမ်းတိုကို Facebookမှာ ဝေဖန်ဆန့်ကျင်ရေးသားခဲ့တဲ့ တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက် နယ်မြေ(၉)နေ သန်းသန်းစိုး(ခ)ဟန်နီလင်း (၃၁ နှစ်)၊ နိုဝင်ဘာ ၁ရက်နေ့မှာဝေဖန်ရေးသားခဲ့တဲ့ ကမာရွတ်မြို့နယ်က မဂျူးရတီ၊ နိုဝင်ဘာ ၂ရက်မှာဝေဖန်ရေးသားခဲ့တဲ့ ပုသိမ်မြို့ အမှတ်(၅)ရပ်ကွက်နေ မကျော့ဆုလာဘ်တို့ကိုလည်း ‌ရွေးကောက်ပွဲဥပ‌ဒေပုဒ်မ ၂၃(က)တို့နဲ့ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။


စစ်အုပ်စုဟာ သူတို့လုပ်မယ့်ရွေးကောက်ပွဲအတွက်ဝါဒဖြန့်ဇာတ်လမ်းတွေကို ဝေဖန်ထားသူတွေရဲ့ Facebookပိုစ့်တွေကို Like၊Loveစတဲ့ reactပေးသူတွေကိုလည်းဖမ်းဆီး အမှုဖွင့်တာတွေရှိနေပြီး အဲ့ဒါကြောင့်ဖမ်းဆီးခံထားရသူ ရုပ်ရှင်ဒါရိုက်တာ နှစ်ဦးနဲ့ သရုပ်ဆောင်တွေလည်းရှိနေပါတယ်။


ရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းမှာ ဖမ်းဆီးအရေးယူထားသူ ၈၈ ဦးအထိရှိနေပြီး ဆက်လက်ဖော်ထုတ်ဖမ်းဆီးသွားမယ်လို့လည်း စစ်အုပ်စုကထုတ်ပြန်ထားပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page