မြို့သိမ်းစစ်ဆင်ရေးတွေအထိ ဦးတည်ထားတယ်လို့ မြင်းခြံတပ်ဖွဲ့ပြော
- BVJ

- May 28
- 1 min read
BVJ/ယူဂရင်း_ မေ ၂၈၊ ၂၀၂၅

မန္တလေးတိုင်း၊ မြင်းခြံခရိုင် မြို့အတွင်းမှာ ဒေသတွင်းတပ်ဖွဲ့တွေ စစ်ဆင်ရေးတွေပူးပေါင်း ဖော်ဆောင်နေရာကနေ မြို့သိမ်းတိုက်ပွဲအထိသွားဖို့ကြိုးစားနေတယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့က ဒီနေ့မှာပြောပါတယ်။
မြင်းခြံမြို ခရိုင်ရုံး၊ ရဲသင်တန်းကျောင်း၊ အမှတ် ၁၈ ရပ်ကွက် ဇီးခြံကာကင်းဂိတ်စခန်းနဲ့ အမှတ် ၁၈ ရပ်ကွက် စကားဝါကာကင်းဂိတ်စခန်းတို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ၉/အညာမြေစစ် ဆင်ရေးအဖြစ် အခုလ ၁၅ရက်က ထိုးစစ်ဆင်တိုက်ခိုက်အပြီးမှာ ပြောလာတာပါ။
မြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး MBTတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက “ကြိုတင်ပြင်ဆင်နေဆဲ ကာလပေါ့။ ဘယ်အချိန်ဆိုတာကတော့ အချိန်အတိအကျ ကျနော်တို့ မပြောနိုင်ဘူး။ သေချာတာတခုကတော့ မြို့ပြမှာကျားမဲတို့လမ်းကိုဖော်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ပြည်သူလူထုကိုလည်း ကတိပေးတယ်”လို့ Burma VJကိုပြောပါတယ်။
မေ ၁၅ရက်က စစ်ဆင်ရေးမှာ စစ်ကောင်စီအခြေချတပ်စွဲတဲ့ ပစ်မှတ်နေရာလေးခုကို တပြိုင်နက်ထိုးစစ်ဆင်ခဲ့ကြတာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ ရန်သူ့တပ်သား (၁)ဦး၊အမျိုးသမီး ပျူစောထီး (၂)ဦးနဲ့ အမျိုးသားပျူစောထီး (၅)ဦး စုစုပေါင်း (၈)ဦးသေဆုံးခဲ့တယ်လို့ MBTတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ အဲ့ဒီစစ်ဆင်ရေးကနေ မြို့သိမ်းစစ်ဆင်ရေးကိုအရောက်သွားနိုင်ဖို့ MBT မြင်းခြံခရိုင်အမှတ် (၉)တပ်ရင်းအနေနဲ့ကြိုးစားသွားမယ်လို့လည်း ပြည်သူလူထုကို ကတိပြုထားပါတယ်။







Comments