top of page

ပစ်ချခံရတဲ့ပါရာမော်တာကို လာရှာတဲ့စစ်အုပ်စုစစ်ကြောင်းနဲ့ ဒေသခံတပ်တွေကြား တိုက်ပွဲဖြစ်

  • Writer: BVJ
    BVJ
  • 2 days ago
  • 1 min read

◼️စစ်အုပ်စုဖက်က သေဆုံးဒဏ်ရာရမှုရှိတယ်လို့ဆို

အေတီ/BVJ_ နိုဝင်ဘာ ၂၃၊ ၂၀၂၅

ree

မနေ့က နိုဝင်ဘာ ၂၂ရက်မှာပစ်ချခံလိုက်ရတဲ့ပါရာမော်တာကို လာရှာတဲ့ အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ စစ်ကြောင်းနဲ့ ဒေသခံပူးပေါင်းတော်လှန်ရေးတပ်တွေကြား မကွေးတိုင်း၊ပေါက်မြို့နယ်နဲ့မြိုင်မြို့နယ်ထိစပ်နေတဲ့ နသတ်၊ တဲကြီး၊ ကံသစ်၊ ကမ္ဘာဖြူ၊ ကျောက်ခွက် ကျေးရွာတွေအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိုင် ပကဖ ကသတင်းထုတ်ပြန်ပါတယ်။


ဒီနေ့ နေ့လည် ၁နာရီခွဲအချိန်မှာ မိနစ်၂၀ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး အာဏာသိမ်း စစ်တပ်တပ်ဖွဲ့ဝင် ၄ဦး သေဆုံးကာ ၁၀ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပကဖ ကထုတ်ပြန်ထားပါတယ်။


အဲ့ဒီ စစ်အုပ်စုစစ်ကြောင်းဟာ ပေါက်မြို့နယ်၊ ရွှေဘုံသာပျူရွာကထွက်လာပြီး ချိုင့်ဇောက်၊ ထန်းပေါက်ကုန်း၊ ဖလံကိုင်း၊ သစ်ကြီးတော၊ ကျောက်တိုင်ခင်၊ ညောင်ဇင်ရွာတို့ကို မွှေနှောက်မီးရှို့ ဖျက်ဆီးနေတဲ့စစ်ကြောင်း ဖြစ်တယ်လို့ဆိုပါတယ်။


ဒီနေ့မနက် ၈နာရီ၅၅မိနစ်မှာလည်း မန္တလေးနဲ့ရှမ်းပြည်တို့ကနေပေါ်တာဆွဲခံရပြီး တပ်မ၉၉လက်အောက်ခံတပ်ရင်း ခလရ ၄၁၈၊ ခလရ ၄၁၉ တပ်ရင်းတွေကိုရောက်သွားတဲ့ တပ်သား ၃ဦးဟာလည်း MA 1 သေနတ် ၃လက်၊ ကျည်ဘောက်၃ခု၊ ကျည် ၈၇တောင့်တိုနဲ့အတူ မြိုင် ပကဖ ထံအလင်းဝင်လာတယ်လို့ ဖော်ပြထားပါတယ်။

ree

ဒီနေ့တိုက်ပွဲကို MGY PDF ၊ မြိုင် ပကဖ ၊ ပေါက် ပကဖ၊YDFနဲ့ မြိုနယ်တွေက LPDF တွေနဲ့မဟာမိတ်တွေပူးပေါင်းပါဝင်ခဲ့ပြီး အာဏာသိမ်းစစ်အုပ်စုဘက်က ဂျက်ဖိုက်တာနဲ့ ပေါက်/မြိုင် ထိစပ်ကျေးရွာတွေကိုလေကြောင်းတိုက်ခိုက်မှု (၃)ကြိမ် ပြုလုပ်ခဲ့ပါတယ်။

ဓါတ်ပုံ-မြိုင် ပကဖ

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page