စစ်ကောင်စီကားတန်းကို KNLAမိုင်းဆွဲတိုက်ခိုက်၊ စစ်ဦးစီးမှူးအပါ ၂၀ ခန့်သေဆုံး
- BVJ

- Aug 26
- 1 min read
ယူဂရင်း/BVJ_ သြဂုတ် ၂၆၊ ၂၀၂၅

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှာ စစ်ကောင်စီကားတန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်တွေက မနေ့က သြဂုတ် ၂၅ရက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်က စစ်ဦးစီးမှူး(G2)အပါအဝင် အယောက် ၂၀ခန့် သေဆုံးတယ်လို့ KNUက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ကား သုံးစီးနဲ့လာတဲ့ယာဉ်တန်းကို ဘုတ်ပြင်း၊ ထောင်ယွန်းကျေးရွာနားမှာ မနေ့က နေ့လယ်ပိုင်းမှာ KNLA တပ်ရင်း (၂၀၃)၊ တပ်ခွဲ(၂) တပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
တိုက်ခိုက်မှုကြောင့် အဲ့ဒီကားတန်းဟာ ဘုတ်ပြင်းဘက်ကိုပြန်ဆုတ်ခွာထွက်ပြေးသွားပြီး တိုက်ခိုက်မှုအတွင်း KNLAဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။







Comments