မြန်မာပြည်ဘက်ကဗုံးတစ်လုံး ထိုင်းနိုင်ငံဘက်ကိုကျပြီးနောက် ဒေသခံတွေကို အရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရ
- BVJ

- Apr 21
- 1 min read
အီးကေ/BVJ- ဧပြီ ၂၀၊ ၂၀၂၆

မြန်မာနိုင်ငံဘက်ကဗုံးတစ်လုံးဟာ ထိုင်းနိုင်ငံ၊မယ်ဟောင်ဆောင်ခရိုင်ထဲက ရွာတစ်ရွာကိုကျရောက်ခဲ့ပြီးနောက် သံလွင်မြစ်ကမ်းဘေးက ထိုင်းရွာသားတွေ အရေးပေါ် ပြောင်းရွှေ့ခဲ့ရပါတယ်။
အာဏာသိမ်းစစ်အုပ်စုလေတပ်က KNUစခန်းတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကနေ ဒီနေ့မနက် ဒေသစံတော်ချိန် ၁၀ နာရီ ၄၅ မိနစ်ခန့်မှာ ထိုင်းနိုင်ငံ စုန်းမွေခရိုင် (Sob Moei) မဲဆမ်လပ်ရွာထဲကို ဗုံးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ပါတယ်။
စုန်းမွေ (Sob Moei) ခရိုင်ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့နဲ့ အမှတ် (၃၆၀၈) ခြေလျင်တပ်ခွဲက စစ်သည်တွေပူးပေါင်းပြီး မွန်းလွဲ ၁၂ နာရီခန့်မှာ မဲဆမ်လပ်ရွာသားတွေကို အရေးပေါ် ကူညီရွှေ့ပြောင်းပေးခဲ့ကြရပါတယ်။
အာဏာသိမ်းစစ်တပ်က Yak-130 နဲ့ MiG-29 တိုက်လေယာဉ်တွေအသုံးပြုပြီး ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ လူသောမြို့နယ်အတွင်းရှိ KNUဆေးရုံတစ်ရုံနဲ့ အနီးနားကလူနေရပ်ကွက်နှစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်းက ပေါက်ကွဲသံကိုးကြိမ်အထိကြားခဲ့ရပြီးနောက် ဗုံးတစ်လုံးကနယ်စပ်ကိုကျော်လွန်ကာ ထိုင်းဘက်ခြမ်း မဲဝမ်ရွာ (Ban Mae Waen)အနီးရှိ သံလွင်မြစ်ကမ်းဘေးကိုကျရောက်ခဲ့တာကြောင့် တွင်းကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်။
လက်ရှိမှာ ထိုင်းစစ်တပ်၊ခရိုင်ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိတွေပူးပေါင်းကာ အခြေအနေကိုအနီးကပ်စောင့်ကြည့်နေပြီး လိုအပ်လာရင်ထပ်မံရွှေ့ပြောင်းပေးမှုတွေပြုလုပ်ဖို့ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
ခရက်ဒစ်- Bangkok Post




Comments