ကမ္ဘောဒီးယားအလုပ်သမားတွေကို မြန်မာနဲ့သီရိလင်္ကာအလုပ်သမားတွေနဲ့အစားထိုးဖို့ ထိုင်းအစိုးရ စီစဥ်ထား
- BVJ

- Aug 20
- 1 min read
အေတီ/BVJ - သြဂုတ် ၁၉၊ ၂၀၂၅

ထိုင်းနဲ့ ကမ္ဘောဒီးယားစစ်ရေးပဋိပက္ခကြောင့် ထိုင်းနိုင်ငံအတွင်းကထွက်ခွာသွားရတဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေနေရာမှာ မြန်မာရွှေ့ပြောင်းလုပ်သား (၄၂၀၀၀)လေးသောင်းနှစ်ထောင်နဲ့ သီရိလင်္ကာလုပ်သားတစ်သောင်းနဲ့အစားထိုးသွားဖို့ ထိုင်းအစိုးရက စီစဥ်ထားပါတယ်။
မြန်မာပြည်ကအလုပ်သမား ပထမဆုံးအသုတ်အနေနဲ့ သြဂုတ်လ၂၀ရက်နေ့မှာ ရောက်ရှိလာမယ်လို့ ရည်မှန်းထားပြီး လေးသောင်းနှစ်ထောင်ပြည့်တဲ့အထိ ဆက်ခေါ်သွားဖို့စီစဥ်ထားကြောင်း ထိုင်းအလုပ်သမားဝန်ကြီး Pongkawin Juangroongruangkitက သြဂုတ်လ၁၅ရက်နေ့က ပြောပါတယ်။
သီရိလင်္ကာကနေ အလုပ်သမားသုံးသောင်းအထိခေါ်ယူဖို့ရည်မှန်းထားပြီး ပထမဆုံးအသုတ်အနေနဲ့ သီရိလင်္ကာအလုပ်သမားတစ်သောင်းဟာ နှစ်လအတွင်း ထိုင်းနိုင်ငံကိုရောက်ရှိလာမှာဖြစ်ပါတယ်။
ဒါ့အပြင် ဖိလစ်ပိုင်၊အင်ဒိုနီးရှားနဲ့ နီပေါနိုင်ငံတွေက အလုပ်သမားတွေကိုခေါ်ယူဖို့ အစီအစဥ်ရှိတယ်လို့လည်း ထိုင်းအလုပ်သမားဝန်ကြီးဝန်ကြီးက ပြောပါတယ်။
ထိုင်းနိုင်ငံအတွင်း အလုပ်သမားလိုအပ်ချက်ကို ဖြည့်စည်းတဲ့အနေနဲ့ နယ်စပ်ဂိတ်တွေပိတ်လိုက်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံထဲသောင်တင်နေတဲ့ ကမ္ဘောဒီးယားအလုပ်သမားတွေ၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်သက်တမ်းကုန်နေတဲ့ ကမ္ဘောဒီးယားအလုပ်သမားတွေကို ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက နောက်ထပ်ခြောက်လ အလုပ်လုပ်ခွင့်သက်တမ်းတိုးပေးမှာဖြစ်ပါတယ်။
ပုံစာ - ၂၀၂၅ခုနှစ် ဩဂုတ်လ ၆ ရက်နေ့မှာ ကမ္ဘောဒီးယားအလုပ်သမားတွေ ထိုင်းနိုင်ငံတွင်းကနေ အစုလိုက်အပြုံလိုက်ထွက်ခွာနေစဥ်။







Comments