top of page

ဘလယ်ဒိုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော် ထိုင်းဘက်ထွက်ပြေး

  • Writer: BVJ
    BVJ
  • May 24, 2025
  • 1 min read

BVJ/ထက်အောင် _ မေ ၂၄ ၊ ၂၀၂၅



ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဘလယ်ဒိုကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်ဖွဲ့နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်သိမ်းယူချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော် ထိုင်းနိုင်ငံဘက်ထဲကို ထွက်ပြေးဝင်ရောက်လာတယ်လို့ ထိုင်းသတင်းဌာန Khaosod က ဖော်ပြထားပါတယ်။


ဘလယ်ဒိုတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်ကာကွယ်ရေးအဖွဲ့ (KNDO) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တွေက မနေ့ မေလ ၂၃ ရက် ညနေပိုင်းမှာ ထိုးစစ်ဆင်သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၈ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ၄ ဦးဟာ ပြင်းထန်ဒဏ်ရာရရှိထားတယ်လို့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ပြောဆိုချက်ကို Khaosod က ဖော်ပြထားပါတယ်။




ထိုင်းနိုင်ငံဘက် ထွက်ပြေးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်ကို ထိုင်းစစ်တပ်နဲ့ အာဏာပိုင်တွေက လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးထားပြီး လက်နက်တွေ ဖြုတ်သိမ်းထားတယ်လို့လည်း သိရပါတယ်။


ဘလယ်ဒိုစခန်းသိမ်းတိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်တွေနဲ့အတူ Federal Wings ကလည်း ပူးပေါင်းပါဝင်ခဲ့ပြီး အရင်ဒရုန်းတွေထက် စွမ်းအား ၃ ဆခန့်ပိုမြင့်တဲ့ FW Hercules – 3 ဒရုန်းအသစ်တွေကို ၁၂၀မမ လက်နက်ကြီးတွေနဲ့ ပေါင်းစပ်အသုံးပြုနိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်စခန်းကို အကောင်းဆုံးတိုက်ခိုက်နိုင်ခဲ့တယ်လို့လည်း Federal Wings ကလည်း ထုတ်ပြန်ထားပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page