Myanmar house အိမ်ပိုင်ဆိုင်မှုကိစ္စ ယူကေတရားရုံးမှာ စတင်ကြားနာစစ်ဆေး
- BVJ

- May 31, 2025
- 1 min read
BVJ/အေတီ _ မေ ၃၁ ၊ ၂၀၂၅

Myanmar house လို့ခေါ်တဲ့ လန်ဒန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံအစိုးရပိုင်နေအိမ်ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး သံအမတ်ဟောင်း ဦးကျော်စွာမင်းကို ယူကေတရားရုံးက မနေ့က စတင် ကြားနာစစ်ဆေးခဲ့ပါတယ်။
Myanmar house နေအိမ်ကနေ ဖယ်ရှားပေးဖို့ ထုတ်ပြန်တဲ့အမိန့်ကို မလိုက်နာတဲ့အတွက် သူ့မှာ အပြစ်ရှိလား မရှိဘူးလားလို့ ဦးကျော်စွာမင်းကို Wesetminster Magistrate တရားရုံးက မေးမြန်းရာမှာ အပြစ်မရှိကြောင်း ဖြေကြားခဲ့တဲ့အတွက် အမှုကို တရားရုံးကလက်ခံပြီး ဆက်လက်ကြားနာစစ်ဆေးတော့မှာဖြစ်ပါတယ်။
“ဇူလိုင်၂၂ရက်နေ့မှာ Legal documentation အပြီးတင်ရမယ်။ ၁၉ရက်စက်တင်ဘာမှာ လန်ဒန်က တရားရုံးတခုမှာ မနက်၉နာရီခွဲ လူကိုယ်တိုင်လာရောက်ဖြေရှင်းရမယ်“လို့ Burma VJ ရဲ့မေးမြန်းမှုကို ဦးကျော်စွာမင်းဘက်က လိုက်ပါကူညီနေတဲ့ သူတစ်ဦးကပြောတယ်။
ဦးကျော်စွာမင်းရဲ့ အမှုအခြေအနေနဲ့ပတ်သက်ပြီး Burma VJ အဖွဲ့က Wesetminster Magistrate တရားရုံးထဲအထိ ကိုယ်တိုင်သွားရောက်နားထောင်ပြီး သတင်းရယူခဲ့ပါတယ်။
သံအမတ်ဟောင်း ဦးကျော်စွာမင်းကို စစ်ကောင်စီဘက်က Myanmar house ကနေ ဖယ်ရှားပေးဖို့ ၂၀၂၃ခုနှစ်သြဂုတ်လကတည်းက ရုံးတင် တရားစွဲဖို့ကြိုးစားခဲ့ပေမယ့် အခုအချိန်ကျမှ ယူကေတရားရုံးက လက်ခံခဲ့တာဖြစ်ပါတယ်။




Comments