top of page

ဖမ်းဆီးခံရပြီးပျောက်ဆုံးသွားတဲ့ရွာသား ၁၂ယောက်ကို သုံးနှစ်ကျော်အကြာမှာအလောင်းရှာတွေ့

Writer: BVJ
BVJ
Oct 5
1 min read

ယူဂရင်း/ BVJ_အောက်တိုဘာ ၅၊ ၂၀၂၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ကို ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်အတွင်းမှာ စစ်တပ်နဲ့ပျူတွေပေါင်းပြီးစစ်ကြောင်ထိုးကာ ဂွေးကုန်းရွာ၊ မကျီးကုန်းရွာ၊ သံချောင်းရွာနဲ့ မကျည်းကန်ရွာတို့ကနေ ဒေသခံရွာသား ၁၂ဦးကိုဖမ်းဆီးသွားခဲ့ပါတယ်။


၂၀၂၃၊ဇွန်လ ၉ရက်နေ့ကဖမ်းဆီးသွားတဲ့ ရွာသား ၁၂ ဦးကို နှစ်ရက်အကြာ ဇွန်၊၁၁ရက်နေ့မှာသတ်ပစ်ခဲ့တယ်လို့ ပျူရွာဖြစ်တဲ့ဝက်ပုတ်ရွာကနေ သိမ်းဆည်းမိတဲ့မှတ်စုစာအုပ်တွေဆီကနေသိခဲ့ရတာကြောင့် ၂၀၂၄ခုနှစ်မှာတော်လှန်ရေးတပ်တွေက ဝက်ပုတ်ရွာကိုသိမ်းပြီးနောက်ပိုင်းကစပြီး အလောင်းတွေကိုဒေသတွင်းမှာရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ပါဘူး။


အဲ့ဒီနောက် မနေ့က အောက်တိုဘာ၄ရက်မှာမှ ရွာသားတစ်ဦးဟာမှိုသွားရှာရာကနေ အစုအပြုံလိုက်မြေမြုပ်ထားတဲ့နေရာကိုတွေ့ရှိခဲ့တာကြောင့် ဒေသတာဝန်ရှိသူတွေဦးဆောင်ပြီးရှာဖွေတူးဖော်ခဲ့ရာကနေ ကျင်းနှစ်ခုအတွင်းမှာမြုပ်နှံထားတဲ့အလောင်း ၁၂လောင်းကိုတွေ့ရှိရတာဖြစ်တယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က မနေ့ကညပိုင်းမှာထုတ်ပြန်ပါတယ်။

"အလောင်းတွေမှာတွေ့ရတဲ့ မှတ်ပုံတင် ၊ကျောင်းသားကဒ် ၊မွေးစားရင်းစာရွက်စတဲ့ အချက်အလက်တွေအရ ဂွေးကုန်းရွာမှဖမ်းဆီးခံခဲ့ရသူတွေဖြစ်နေတယ်ဆိုတာ သိခဲ့ရပါတယ်"လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ကပြောထားပါတယ်။

စစ်ကြောင်းဝင်ပြီးဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသူတွေထဲမှာ ၁၅နှစ်အရွယ်အမျိုးသားတစ်ယောက်ပါဝင်ပြီး သတ်ခံလိုက်ရသူတွေဟာ ဂွေးကုန်းရွာက ပြည်သူ (၉)ဦး၊ မကျီးကုန်းရွာက ပြည်သူ(၁)ဦး ၊သံချောင်းရွာက ပြည်သူ(၁)ဦး၊မကျည်းကန်ရွာက ပြည်သူ(၁)ဦးတို့ဖြစ်ပြီး သူတို့ကို ဝက်ပုတ်ရွာ ပျူစောထီးခေါင်းဆောင် ဝင်းငွေနဲ့ဝက်ပုတ်ရွာမှာတာဝန်ကျနေတဲ့ ဗိုလ် ဘိုဖြူတို့က ဦးဆောင်သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့လည်း ဒေသအဖွဲ့အစည်းကထုတ်ပြန်ပါတယ်။


မြိုင်မြို့နယ်အတွင်းက ဝက်ပုတ်ရွာအပါအဝင် စစ်အုပ်စုအထိုင်စခန်းတွေတည်ရှိတဲ့ ကိုင်းတောမ နယ်မြေရဲစခန်း၊ စက်ရေတွင်း အထိုင်စခန်းတို့ကို ၂၀၂၄၊ဩဂုတ်လ ပထမပါတ်အတွင်းမှာတော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုဘက်ထိခိုက်သေဆုံးမှုများပြီး စစ်ကြောင်းဆုတ်ထွက်ပြေးသွားကြတာဖြစ်ပါတယ်။


ပုံစာ-ရွာသား ၁၂ယောက်အလောင်းကိုတူးဖော်ပြီးနောက် တွေ့ရပုံနဲ့သေဆုံးခဲ့သူစာရင်း (ဓါတ်ပုံ-အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်)

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page