top of page

မြိုင် ဗဟင်းရွာ လေကြောင်းဗုံးကြဲခံရပြီး သားအမိနှစ်ဦးနဲ့ PDFလေးဦး သေဆုံး

  • Writer: BVJ
    BVJ
  • May 21, 2025
  • 1 min read

BVJ/ယူဂရင်း_ မေ ၂၁၊ ၂၀၂၅


မြိုင် ဗဟင်းရွာ ဗုံးကြဲခံရပြီးနောက်မြင်တွေ့ရပုံ (ဓါတ်ပုံ-We Love Myaing)
မြိုင် ဗဟင်းရွာ ဗုံးကြဲခံရပြီးနောက်မြင်တွေ့ရပုံ (ဓါတ်ပုံ-We Love Myaing)

မကွေးတိုင်း၊ ဗဟင်းရွာကို စစ်ကောင်စီတပ်က မနေ့က မေ ၂၀ရက်ညနေ ငါးနာရီကျော်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထမင်းဆိုင်ထဲကျရောက်ပေါက်ကွဲပြီး PDFလေးဦးနဲ့ ဆိုင်ရှင်သားအမိနှစ်ဦးတို့ သေဆုံးခဲ့တယ်လို့ We Love Myaing အဖွဲ့က သိရပါတယ်။


ကျဆုံးသွားတဲ့ရဲဘော်လေးဦးဟာ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃ TRIPLE-R တပ်ဖွဲ့ မှ တပ်ခွဲမှူး ရဲဘော်ဇော်မြတ်၊ ရဲဘော်ဒေးဗစ် ၊ရဲဘော်မွန်း ၊ ရဲဘော်လင်းယုန် တို့ဖြစ်ပြီး ထမင်းဆိုင်ထဲ ထမင်းစားနေချိန်ဖြစ်သွားတာလို့ သိရပါတယ်။


ရဲဘော်တွေကျဆုံးမှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၁၂တာဝန်ခံ ရဲဘော်နှင်းရိပ်နွေကလည်း အတည်ပြုထားပါတယ်။


“ငါ့ညီတွေရာ ဘယ်လိုဖြစ်ရတာလဲ။ကျန်းမာရေးမကောင်းလို့ ငါ့မှာဆေးကုနေရပါတယ်ဆိုမှ မင်းတို့က Air Strikeလုပ်ခံရပြီး ကျသွားတယ်တဲ့ကွာ။တို့တရင်းတည်းတင် လေးယောက်ကျတာ အတော်ဆိုးရွားတဲ့အဖြစ်အပျက်ပါပဲ။ငါ ဒီနေ့ကိုဘယ်တော့မှမမေ့ဘူး”လို့ သူ့ရဲ့လူမှုကွန်ရက်မှာ မနေ့က ညပိုင်းက ဝမ်းနည်းကြောင်းရေးထားပါတယ်။



မြိုင်၊ ဗဟင်းရွာလေကြောင်းတိုက်ခိုက်ခံရမှုကို အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ကလည်း ဖော်ပြထားပါတယ်။


“စကစဟာ လေယာဥ်နဲ့ တိုက်ခိုက်တဲ့နေရာမှာ လူတွေကို လှည့်ဖျားမှုလုပ်ပြီးတိုက်ခိုက်လာနေတာကို တွေ့ရပါတယ်ဗျ။ ယနေ့ မြိုင်နယ်ကိုလေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဂျက်ဖိုက်တာတစီးဟာ တံတားဦးလေတပ်မှ ၄း၅၅တွင်တက်လာပြီး ချောင်းဦး -ဆားလင်းကြီး-ပုလဲ- ပုံတောင်-ထီးလင်း အထိပျံဝဲပြီး ဘယ်မှမချခဲ့ဘဲပြန်လာပြီး မြိုင်နယ်ရောက်မှသာ တိုက်ခိုက်မှု ပြုလုပ်တာကို တွေ့ရပါတယ်ဗျ”လို့ ပြောပါတယ်။


စစ်ကောင်စီတပ်ဟာ မြိုင်မြို့နယ် အရှေ့မြောက်ပိုင်း ဖျသီးရွာနားကို အခုလ ၁၉ရက် ည ၈း၃၀အချိန်မှာ တံတားဦးလေဆိပ်ကတက်လာတဲ့ ဂျက်ဖိုက်တာက လေကြောင်း တိုက်ခိုက်မှုလုပ်ခဲ့တာကြောင့်လည်း ဒေသခံလေးဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page