top of page

ရွေးကောက်ပွဲလုပ်ဖို့ရက်ပိုင်းအလိုမှာ စစ်အုပ်စုဝါဒဖြန့်ချန်နယ်တွေ ဖယ်ရှားခံရ

  • Writer: BVJ
    BVJ
  • Dec 23, 2025
  • 1 min read

ယူဂရင်း/BVJ_ဒီဇင်ဘာ ၂၃၊ ၂၀၂၅

၂၀၂၅၊မေလ ၁၀ရက်က ရုရှားကနေပြန်လာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို အထူးလေယာဉ်ပေါ်မှာမေးမြန်းနေပုံဆိုပြီး စစ်အုပ်စုကထုတ်ပြန်ထားပုံ(ဓါတ်ပုံ-CINCDS)
၂၀၂၅၊မေလ ၁၀ရက်က ရုရှားကနေပြန်လာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို အထူးလေယာဉ်ပေါ်မှာမေးမြန်းနေပုံဆိုပြီး စစ်အုပ်စုကထုတ်ပြန်ထားပုံ(ဓါတ်ပုံ-CINCDS)

သြစတေးလျအခြေစိုက် တိုက်ရိုက်ရုပ်သံလွှင့်ပလက်ဖောင်းဖြစ်တဲ့ Kickက မြန်မာအာဏာသိမ်းစစ်အုပ်စုက ထိန်းချုပ်ဝါဒဖြန့်နေတဲ့ MRTV HD၊ MITV ၊MRTV News၊ MRTV Farmers ၊MRTV Sports၊ MRTV NRC နဲ့MRTV Entertainmentတို့ကို ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။


တရားမဝင်မြန်မာစစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေကနေ တိုက်ရိုက်ထုတ်လွှင့်မှုစတင်ခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ အခုလိုဖယ်ရှားခံလိုက်ရတာဖြစ်ပြီး အခုလိုဖယ်ရှားလိုက်တာဟာ Justice For Myanmarက ကုမ္ပဏီဆီစာရေးသားပေးပို့ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလိုက်နာဆောင်ရွက်မှုနဲ့ လူ့အခွင့်အရေးဆိုင်ရာစိုးရိမ်မှုတွေကို မေးခွန်းထုတ်ပြီးနောက်မှာ ကုမ္ပဏီကအရေးယူဆောင်ရွက်ခဲ့တာလို့ Justice For Myanmar-JFMက ဒီနေ့မနက်မှာထုတ်ပြန်ပါတယ်။


လက်ရှိမှာ MRTV ဝဘ်ဆိုဒ်နဲ့အပ်ပလီကေးရှင်းတွေမှာထည့်သွင်းထားတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွေမှာ “ယခုချိတ်ဆက်မှု မှားယွင်းနေပုံရပါသည်” ဆိုတဲ့ Kick ရဲ့ မှားယွင်းမှုပြစာတန်းကို ဖော်ပြနေကြောင်းနဲ့ Kick ဟာ မဲဘုန်းမြို့အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ ဩစတြေးလျဘီလီယံနာသူဌေးကြီး Ed Craven နဲ့ စီးပွားဖက် BiJan Tehrani တို့က ပိုင်ဆိုင်သလို Twitch လိုပဲ Kickကိုလည်း ဂိမ်းကစားခြင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်ရာမှာအဓိကအသုံးပြုတယ်လို့ လည်း JFMကဖော်ပြထားပါတယ်။


စစ်အုပ်စုဟာ သူတို့ရဲ့ဝါဒဖြန့်ချန်နယ်တွေ Amazonပိုင် ရုပ်သံလွှင့်ပလက်ဖောင်း Twitchကနေ ဖယ်ရှားခံရပြီးနောက်မှာ Kickကိုပြောင်းရွှေ့အသုံးပြုခဲ့တာဖြစ်ပြီး Kickကနေလည်း အခုထပ်ပြီးဖယ်ရှားခံရတာဖြစ်ပါတယ်။ စစ်အုပ်စုဝါဒဖြန့်ချန်နယ်တွေဟာ Facebook,YouTube,Twitch, Mediafire တို့ကနေ ဖယ်ရှားခံထားရတာဖြစ်ပါတယ်။


နည်းပညာကုမ္ပဏီတွေအနေနဲ့လည်း စစ်အုပ်စုရဲ့ဝါဒမှိုင်းဖြန့်အကောင့်တွေကိုဖြုတ်ချဖို့နဲ့ စစ်အုပ်စုပလက်ဖောင်းတွေကိုပိတ်ပင်ဖို့ကိုလည်း JFMကတောင်းဆိုထားပါတယ်။


စစ်အုပ်စုဟာ အခု ဒီဇင်ဘာလ ၂၈ရက်နေ့မှာ ရွေးကောက်ပွဲအပိုင်း-၁လုပ်ဖို့ ကြေညာထားပြီး အဲ့ဒီအတွက်လည်းမဲလာပေးကြဖို့ကို ထိန်းချုပ်မီဒီယာတွေကနေ အနုပညာရှင်တွေနဲ့တောက်လျောက်ကြေညာနေတာပါ။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page