ဗုံးကြဲခံရတဲ့မြောက်ဦးဆေးရုံအတွက် သူပုန်ဖြူရောင်းရင်းညီကိုတွေက ငွေကျပ်သိန်းတစ်ထောင်ကျော်လှူဒါန်း
- BVJ

- Dec 24, 2025
- 1 min read
BVJ/ဂျိုး_ ဒီဇင်ဘာ ၂၃၊၂၀၂၅

ရခိုင်ပြည်နယ်အတွင်းက မြောက်ဦးဆေးရုံတိုက်ခိုက်ခံရမှုအတွက် သူပုန်ဖြူရောင်းရင်းညီအစ်ကိုတွေက ငွေကျပ်သိန်းထောင့်နှစ်ရာကျော်လှူဒါန်းလိုက်တယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဒီနေ့မှာထုတ်ပြန်ထားပါတယ်။
မြောက်ဦးပြည်သူဆေးရုံကို အခုလဒီဇင်ဘာလ ၁၀ရက်နေ့မှာစစ်အုပ်စုက ဗုံးကြဲခဲ့တာဖြစ်ပြီး အရပ်သား ၃၃ ဦးသေဆုံးပြီး၊ ၈၀ နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဆေးရုံတခုလုံးလည်းပျက်ဆီးသွားသလို တန်ဖိုးကြီး ဆေးရုံသုံးစက်ပစ္စည်းတွေလည်း ပျက်ဆီးသွားခဲ့တာပါ။
လက်ရှိ သူပုန်ဖြူရောင်းရင်းညီကိုတွေရဲ့လှူဒါန်းငွေကို ဆေးရုံပြန်လည်ပြုပြင်ဖို့ နဲ့ အရေးတကြီးလိုအပ်တဲ့ဆေးရုံသုံးပစ္စည်းတွေပြန်လည်ဝယ်ယူဖို့ ရည်ရွယ်တာပါ။ ဒါ့အပြင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ ပြည်သူတွေနဲ့ကျန်းမာရေးဝန်ထမ်းတွေရဲ့ သာရေးနာရေးကိစ္စရပ်များတွင်အသုံးပြုနိုင်ဖို့အတွက်ဖြစ်တယ်လို့လည်း ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်တွင်းပြည်ပက အလှူရှင်တွေကလည်း မြောက်ဦးဆေးရုံအတွက်လိုအပ်သလိုအသုံးပြုနိုင်ဖို့နဲ့ ထိခိုက်သေဆုံးသူတွေအတွက် အသုံးပြုနိုင်ဖို့ ငွေကျပ်သိန်း ငါးထောင်နီးပါးကို ဒီရက်ပိုင်းအတွင်းမှာပဲ အာရက္ခပြည်သူ့ကျန်းမာရေးဌာနကို လှူဒါန်းထားပါသေးတယ်။
ပုံစာ- ပြည်တွင်းပြည်ပကအလှူရှင်တွေလှူဒါန်းထားတဲ့ငွေတွေကို အလှူရှင်တွေကိုယ်စား ကိုဝေဟင်အောင်ကလှူဒါန်းပေးနေပုံ။
ဓာတ်ပုံ- ဝေဟင်အောင်







Comments