top of page

မြောက်ဦးလေကြောင်းဗုံးကြဲခံရပြီး ၁၁ ဦးသေဆုံး၊ ၂၀ကျော်ဒဏ်ရာရ

  • Writer: BVJ
    BVJ
  • Aug 26
  • 1 min read

BVJ/ဂျိုး_ဩဂုတ် ၂၆၊ ၂၀၂၅

ပုံစာ-မြောက်ဦးလေကြောင်းဗုံးကြဲခံရမှုအတွင်းသေဆုံးဒဏ်ရာရသူတွေ။(ဓာတ်ပုံ - APM)
ပုံစာ-မြောက်ဦးလေကြောင်းဗုံးကြဲခံရမှုအတွင်းသေဆုံးဒဏ်ရာရသူတွေ။(ဓာတ်ပုံ - APM)


ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြောက်ဦးမြို့နယ် အောင်တပ်အုပ်စု ဒိုင်းကျီရပ်ကွက်ကို စစ်ကောင်စီက မနေ့ကည ၁၁နာရီကျော်လောက်မှာ လေကြောင်းဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၁ ဦးအထိသေဆုံးခဲ့ပြီးတော့ ၂၀ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။


စစ်ကောင်စီက ပေါင်၅၀၀ဗုံးကြဲချခဲ့တာဖြစ်ပြီး သေဆုံးဒဏ်ရာရသူတွေထဲမှာ ကလေးငယ်တွေနဲ့အမျိုးသမီးတွေလည်းပါဝင်သလို ဒဏ်ရာပြင်းထန်သူတွေရှိတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။


လက်ရှိမှာတော့ မြောက်ဦးဗုံးကြဲတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ထိခိုက်သေဆုံးမှုအသေးစိတ်အခြေအနေကို Burma VJက ထပ်မံစုံစမ်းနေဆဲဖြစ်ပါတယ်။


ပုံစာ-မြောက်ဦးလေကြောင်းဗုံးကြဲခံရမှုအတွင်းသေဆုံးဒဏ်ရာရသူတွေ

ဓာတ်ပုံ - APM


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page