top of page

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု မိုးမိတ်ဒေသခံ ၇ ဦးသေဆုံး

  • Writer: BVJ
    BVJ
  • Oct 10
  • 1 min read
  • ၈ဦးဒဏ်ရာရ


BVJ/ဂျိုး_အောက်တိုဘာ ၁၀၊ ၂၀၂၅

ree

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -TNLAထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ထဲက ဝဲဘောင်ကျေးရွာကို မနေ့ကညနေပိုင်းမှာ စစ်ကောင်စီကလေကြောင်းကဗုံးကြဲခဲ့တာကြောင့် ကလေး ၂ဦးအပါအဝင် အရပ်သား ၇ဦးသေဆုံးပြီးတော့ ၈ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLAက အောက်တိုဘာလ ၉ရက် ည၁၁နာရီမှာထုတ်ပြန်ပါတယ်။


မိုးမိတ်မြိုနယ်၊ ဝဲဘောင်ကျေးရွာကျေးရွာအတွင်းကို တိုက်ပွဲတစုံတရာဖြစ်ပွားတာမရှိဘဲနဲ့ စစ်ကောင်စီက ပေါင် (၂၅၀) ဗုံးသုံးလုံးလာရောက်ကြဲချခဲ့တာဖြစ်ပြီး အမျိုးသား(၄)ဦးနဲ့အမျိုးသမီ (၃)ဦးပွဲချင်းပြီး သေဆုံးခဲ့သလို ၊အရပ်သား(၈)ဦးပြင်းထန်ဒဏ်ရာရှိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


ဒါ့အပြင်ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ရက်နေ့ကလည်း ကျောက်မဲခရိုင်အတွင်းက မိုင်းငေါ့မြို့ကိုစစ်ကောင်စီလေကြောင်းက ပေါင် ၂၅၀ဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးသေဆုံးပြီးတော့ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။


အောက်တိုဘာလ ၇ရက်နေ့ကလည်း ကျောက်မဲခရိုင် မိုင်းလုံမြို့နယ် မန်းဟုန်းကျေးရွာကိုစစ်ကောင်စီလေတပ်က ပေါင်(၂၅၀) ဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် ကလေးငယ်(၁)ဦးအပါအ၀င် အရပ်သား(၁၀)ဦးသေဆုံးခဲ့ပြီး (၃)ဦးဒဏ်ရာရရှိခဲ့တာပါတယ်။

ree

စစ်ကောင်စီအနေနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော်ထိန်းချုပ်ထားတဲ့ ဒေသတွေကို ဒီလဆန်းပိုင်းကစလို့ဆက်တိုက်ဆိုသလို လေကြောင်းဗုံးကြဲတိုက်ခိုက်နေတာကြောင့် နေ့စဉ်နဲ့အမျှအရပ်သားထိခိုက်သေဆုံးတာတွေတိုးလာနေတာလည်းဖြစ်ပါတယ်။


ဒါ့အပြင် စစ်ကောင်စီဟာ ရှမ်းမြောက်ဒေသက TNLAထိန်းချုပ်ထားတဲ့ဒေသအပါအဝင်တိုင်းရင်းသား လက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့နေရာတွေကို မြေပြင်စစ်ကြောင်းထိုးတာတွေ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်တာနဲ့ လေကြောင်းဗုံးကြဲတာတွေဆက်တိုက်ရှိနေပြီး စစ်ရာဇဝတ်မှုကျူးတွေလွန်နေတယ်လို့လည်း TNLAဘက်က ပြောဆိုထားပါတယ်။


ဓာတ်ပုံ-TNLA


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page