top of page

TNLAထိန်းချုပ်ထားတဲ့မိုးကုတ်မြို့ကို စစ်ကောင်စီဗုံးကြဲ အရပ်သား ၅ ဦးသေဆုံး

  • Writer: BVJ
    BVJ
  • 1 day ago
  • 1 min read

BVJ/ဂျိုး_ဩဂုတ် ၁၀၊ ၂၀၂၅

ree

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ တအာင်းပြည် တပ်မဟာ (၄)နယ်မြေအတွင်းက မိုးကုတ်မြို့အရှေ့ဖက်ခြမ်းကို မနေ့က ညနေ ခြောက်နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့လာရောက်ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၄ ဦးသေဆုံးပြီးတော့ ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ TNLAက ဒီကနေ့မှာထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီဟာ တိုက်ပွဲတစုံတရာဖြစ်ပွားတာမရှိဘဲမိုးကုတ်မြို့ရဲ့အရှေ့ပိုင်းက ကျောက်နဂါး ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့လာရောက်ပြီးတော့ ပေါင် ၅၀၀ဗုံး နှစ်လုံးကြဲချခဲ့တားဖြစ်ပါတယ်။


အခုလိုဗုံးကြဲမှုကြောင့် ကျောင်းအတွင်းမှာရှိတဲ့ သာမဏေ ၁ ပါး၊ ကလေး ၂ ဦး၊ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး သံဃာတော်တစ်ပါးနဲ့ အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLAရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ree

တချိန်တည်းမှာပဲစစ်ကောင်စီဟာ သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက်အတွင်းကို ပေါင် ၂၅၀ ဗုံး သုံးလုံးကြဲချခဲ့တာကြောင့် အမျိုးသားတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀လုံးထက်မနည်း ပျက်စီးသွားတယ်လို့ TNLAရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


ဒါ့အပြင် စစ်ကောင်စီဟာ ပြီးခဲ့တဲ့ဇူလိုင်လကနေ ဩဂုတ်လ ၈ရက်နေ့အထိ မိုးကုတ်မြို့အတွင်း လေကြောင်းနဲ့ ခြောက်ကြိမ်အထိဗုံးကြဲချခဲ့တာကြောင့် အရပ်သား ၂၁ ဦးသေဆုံးခဲ့ရပြီး ၃၉ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့ တာလည်းဖြစ်ပါတယ်။


အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံအဝှမ်းက သူတို့လက်လွတ်ဆုံးရှုံးခံထားရတဲ့ နယ်မြေတွေကိုပြန်ရရှိရေးအတွက် မြေမြင်ထိုးစစ်ဆင်တာတွေနဲ့ လေကြောင်းဗုံးကြဲတာတွေကို နေ့တိုင်းလိုလိုတိုးမြင့်လုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း နိုင်ငံအနှံ့တိုးလာနေတာဖြစ်ပါတယ်။


ပုံစာ- စစ်ကောင်စီဗုံးကြဲသွားတဲ့ မိုးကုတ်မြို့နယ်က ကျောက်နဂါးဘုန်းကြီးကျောင်းအားတွေ့ရစဉ်

ဓာတ်ပုံ- TNLA


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page