မိုးကုတ်မြို့ကို စစ်ကောင်စီလေကြောင်းဗုံးကြဲမှုအတွင်း လေးဦးသေဆုံး
- BVJ

- Jul 29
- 1 min read
ယူဂရင်း/BVJ_ ဇူလိုင် ၂၉၊ ၂၀၂၅

မန္တလေးတိုင်း၊ မိုးကုတ်မြို့ မင်းတံတားရပ်ကွက် ရွှေဘုန်သာရပ်ကွက်နဲ့ BOC ကားကြီးကွင်းနားကို စစ်ကောင်စီက ဒီနေ့မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် (၄)ဦးသေဆုံးပြီး (၉)ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PSLF/TNLAက ထုတ်ပြန်ပါတယ်။
ပေါင် ၅၀၀ဗုံး သုံးလုံး၊ ပေါင်၂၅၀ဗုံး နှစ်လုံးအပါအဝင် စုစုပေါင်း ဗုံး (၅)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် နေအိမ် (၁၈)လုံး ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီဟာ မိုးကုတ်မြို့ကို ရည်ရွယ်ချက်ရှိရှိနဲ့ဗုံးလာကြဲနေတာဖြစ်ပြီး အခုလ ၈ရက်၊ ၉ရက်၊ ၁၁ ရက်နဲ့ ၂၆ ရက်တို့ကလည်း ပြည်သူလူထုရှိတဲ့နေရာတွေကိုဦးတည်ပြီးလေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် (၂)ဦး၊ အမျိုးသား (၄)ဦး သေဆုံးသွားခဲ့ပြီး (၂၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို လူနေအိမ် (၂၄)လုံးလည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLAစာရင်းအရ သိရပါတယ်။
ပြည်သူတွေစစ်ရေးသတိအမြဲရှိဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဖို့လည်း TNLAက သတိပေးထားပါသေးတယ်။







Comments