top of page

မိုးကုတ်မြို့ ဗုံးထပ်ကြဲခံရ

  • Writer: BVJ
    BVJ
  • Sep 16
  • 1 min read

BVJ/ဂျိုး_စက်တင်ဘာ ၁၆၊ ၂၀၂၅

၂၀၂၅၊ စက်တင်ဘာ ၁၆ရက်မနက်ပိုင်းက မိုးကုတ်မြို့‌ကိုလေကြောင်းဗုံးကြဲအပြီး မြင်တွေ့ရပုံ(ဓါတ်ပုံ-TNLA)
၂၀၂၅၊ စက်တင်ဘာ ၁၆ရက်မနက်ပိုင်းက မိုးကုတ်မြို့‌ကိုလေကြောင်းဗုံးကြဲအပြီး မြင်တွေ့ရပုံ(ဓါတ်ပုံ-TNLA)

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီက မကြာခဏဆိုသလိုလေကြောင်းဗုံးကြဲနေတာဖြစ်ပြီး ဒီနေ့မနက်ပိုင်းပိုင်းမှာလည်း ဗုံးထပ်ကြဲခဲ့ပါတယ်။

 

ဒီနေ့ စက်တင်ဘာ ၁၆ရက် မနက် ၇နာရီ၈မိနစ်အချိန်မှာ TNLA တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြိုအရှေ့ပိုင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးနှစ်လုံး ထပ်ကြဲချခဲ့တာကြောင့် အမျိုးသမီး(၁)ဦး ဒဏ်ရာရရှိခဲ့သလို နေအိမ် (၅)အိမ် ဗုံးစထိမှန်ပျက်စီးသွားတယ်လို့ TNLAကထုတ်ပြန်ထားပါတယ်။

 

လက်ရှိမှာ မိုးကုတ်မြို့ပေါ်အတွင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိသလို စစ်ကောင်စီအနေနဲ့ ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုကိုဦးတည်ပြီးတော့ အခုလိုဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ TNLAကပြောထားပါတယ်။

 

၂၀၂၅၊ စက်တင်ဘာ ၁၆ရက်မနက်ပိုင်းက မိုးကုတ်မြို့‌ကိုလေကြောင်းဗုံးကြဲအပြီး မြင်တွေ့ရပုံ(ဓါတ်ပုံ-TNLA)
၂၀၂၅၊ စက်တင်ဘာ ၁၆ရက်မနက်ပိုင်းက မိုးကုတ်မြို့‌ကိုလေကြောင်းဗုံးကြဲအပြီး မြင်တွေ့ရပုံ(ဓါတ်ပုံ-TNLA)

အခုလ စက်တင်ဘာ(၉)ရက်နေ့ကလည်း  ကျောက်မဲမြိုနယ်၊ ‌နမ့်ဟူးတောင်းအုပ်စု လွယ်ခေါ်ကျေးရွာကို စစ်ကောင်စီလေတပ်က ပေါင်(၂၅၀)ဗုံး သုံးလုံးအပါအဝင် အသေခံဒရုန်းအသုံးပြုပြီး ဗုံးနှစ်လုံး ကြဲချခဲ့တာကြောင့် ဒေသခံတွေရဲ့လယ်ယာစပါးခင်းတွေထိခိုက်ပျက်စီးသွားခဲ့ပါသေးတယ်။

 

စစ်ကောင်စီအနေနဲ့ စက်တင်ဘာလစပိုင်းကနေ ဒီနေ့အထိ လေကြောင်းတိုက်ခိုက်မှုတွေမှာ ကျောက်မဲမြို့ကို (၃) ကြိမ်၊ သီပေါမြိုနယ်ကို (၁)ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း အမျိုးသား(၁)ဦး၊ အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၁၂)လုံးနဲ့ စာသင်ကျောင်း(၁)ကျောင်း ပျက်စီးသွားခဲ့တယ်လို့ TNLAရဲ့စာရင်းအရသိရပါတယ်။

 

စစ်ကောင်စီက အရပ်သားပြည်သူတွေကိုဦးတည်လေကြောင်းဗုံးကြဲနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးသတိအမြဲရှိကြဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ကိုလည်း TNLAက တိုက်တွန်းထားပါတယ်။

 


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page