top of page

MODကဖမ်းထားတဲ့ ကျောက်ဆည်ခရိုင်တပ်ရင်း-၂ တပ်ရင်းမှူး ပြန်လွတ်လာ

  • Writer: BVJ
    BVJ
  • Jul 28
  • 1 min read

မိုနာ/BVJ_ ဇူလိုင် ၂၈၊ ၂၀၂၅

ပြန်လွတ်လာတဲ့တပ်ရင်းမှူး ကိုစစ်နိုင်။
ပြန်လွတ်လာတဲ့တပ်ရင်းမှူး ကိုစစ်နိုင်။

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာန-MODက ဖမ်းဆီးထားတဲ့ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းက တပ်ရင်းမှူး ကိုစစ်နိုင်ပြန်လွတ်လာပြီလို့ တပ်ရင်းကသိရပါတယ်။


NUG MODရဲ့ ဥပဒေမဲ့စွာမတရားဖမ်းဆီးထိန်းသိမ်းခံရတဲ့ တပ်ရင်းမှူးကိုစစ်နိုင် ပြန်လည်လွတ်မြောက်လာကြောင်းနဲ့ တပ်ရင်းရဲ့စစ်ရေးလုပ်ငန်းတွေနဲ့ မဟာမိတ်လုပ်ငန်းတွေအပါအဝင် ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းရဲ့ ကိစ္စရပ်ဆိုင်ရာတွေအားလုံးကို ဒီနေ့ကစပြီးတပ်ရင်းမှူးကိုယ်တိုင် စီမံအုပ်ချုပ်ပြုလုပ်သွားမယ်လို့ ဒီနေ့ နေ့လယ်မှာ ကြေညာပါတယ်။


ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းဟာ MOD PDFစစ်ရုံးချုပ်အောက်ကနေနုတ်ထွက်ကြောင်းကို အခုနှစ် ဧပြီ၂၁ရက်မှာတင်ပြခဲ့ပြီးနောက် ဧပြီ ၂၄ရက်မှာတပ်ရင်းမှူးကိုစစ်နိုင်ဖမ်းဆီးခံလိုက်ရပါတယ်။

အဲ့ဒီနောက် အဲ့ဒီနုတ်ထွက်စာဟာ နားလည်မှုလွဲမှားပြီးဖော်ပြမိတာဖြစ်တာကြောင့် တာဝန်ရှိသူတွေကိုတောင်းပန်ကြောင်းနဲ့ MODကွပ်ကဲမှုအောက်ပြန်ဝင်တော့မယ်ဆိုပြီး အခုလ ၂ရက်မှာ တပ်ရင်းက ထပ်မံထုတ်ပြန်ခဲ့ပါတယ်။


အဲ့ဒီနောက် မနေ့က ဇူလိုင် ၂၇ရက်မှာ တပ်ရင်းမှူးပြန်လည်လွတ်မြောက်လာတယ်လို့ ကျောက်ဆည်ခရိုင် တပ်ရင်း-၂ရဲ့ သတင်းနဲ့ပြန်ကြားရေး ရင်ငြိမ်း(စခန်းမှူး)က Burma VJကို ပြောပါတယ်။


“နှုတ်ထွက်ခွင့်မရသေးဘဲ ပေ့ချ်ကနေနှုတ်ထွက်ကြောင်းစာတင်မိလို့ဖမ်းတာလို့ သူ့ကိုလာစစ်တော့ ပြောတယ်လို့ တပ်ရင်းမှူးကပြောတယ်ဗျ။ ဒီစာ(MODအောက်ပြန်ဝင်ကြောင်း ဇူလိုင် ၂ရက်က ထုတ်ပြန်ချက်) ကြောင့်လွှတ်ပေးလိုက်တာလို့လဲ သိရတယ်ဗျ။ အပြစ်မရှိတဲ့ကျနော်တို့ တပ်ရင်းမှူးကိုဖမ်းတယ်။ သူတို့တပ်ချင်တဲ့ပုဒ်မတပ်တယ်။ ကျနော်တို့ရဲဘော်တွေအနေနဲ့ အခုကိစ္စမှာ MODအနေနဲ့ လုံးဝတာဝန်ယူပေးရမယ်လို့ ပြောချင်တယ်”


ဖမ်းဆီးခံထားရချိန်မှာ တပ်ရင်းမှူးက ရိုက်နှက်ခံခဲ့ရတယ်လို့လည်းပြောပါတယ်။


“ရောက်ရောက်ချင်းရိုက်တာ တပါတ်လောက်လမ်းမလျှောက်နိုင်ဘူးလို့လဲ တပ်ရင်းမှူးဆီကသိရတယ်။ ကျနော်တို့ရဲဘော်တွေစိတ်မကောင်းဘူး။ လူကတော့ပိန်ပြီးကျသွားတယ်။ ဒဏ်ရာဘာညာတော့မရှိပါဘူး။ သူ့မှာခေါင်းကိုက်တဲ့ဝေဒနာခံစားနေရတယ်။ အရင်ကထက်အခု ရောဂါက ပိုဆိုးလာတယ်လို့သိရတယ်ဗျ။ တပ်ရင်းမှူးက တပ်ရင်းရဲ့ဖခင်ပါ။ ရဲဘော်တွေတင်မကဘဲ ရဲဘော်မိသားစုတွေပါခေါ်ယူပြီးစောင့်ရှောက်ထားတဲ့ စစ်ဘေးရှောင်စခန်းလဲရှိတယ်။ ဘယ်အဖွဲ့အစည်းမှ အကူအညီမတောင်းဘဲ သူ့သာသာထောက်ပံ့ထားတာ။ စစ်ဘေးရှောင်ကလေးတွေလဲ ကျောင်းထားပေးတယ်။ စာအုပ်ဝယ်ပေးတယ်”လို့ ကျောက်ဆည်ခရိုင် တပ်ရင်း-၂ရဲ့ သတင်းနဲ့ပြန်ကြားရေး ရင်ငြိမ်း(စခန်းမှူး)က ပြောပါတယ်။


ကျောက်ဆည်ခရိုင် တပ်ရင်း-၂ ဟာ ၁၀၂၇စစ်ဆင်ရေး ဒုတိယလှိုင်း ရှမ်း-မန်းစစ်ဆင်ရေးအတွင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ၊PDFတွေနဲ့အတူပါဝင်တိုက်ခိုက်ခဲ့တဲ့ တပ်ရင်းတစ်ခုလည်းဖြစ်ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page